“ဆယ်ကျော်သက်လူငယ်များအတွက် ဆေးလိပ်၊ဆေးရွက်ကြီး သုံးစွဲမှုအန္တရာယ်အကြောင်း စကားဝိုင်း ပြုလုပ်မည်”
20 Jul
ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) အနေနဲ့ ဆယ်ကျော်သက်လူငယ်များအတွက် ဆေးလိပ်၊ ဆေးရွက်ကြီး သုံးစွဲမှုအန္တရာယ်အကြောင်းနှင့် ပတ်သက်ပြီး ဇူလိုင်လ ၂၄ ရက်မှာ စကားဝိုင်းဆွေးနွေးပွဲပြုလုပ်မည်ဖြစ်ကြောင်း WHO က ဇူလိုင်လ ၁၉ ရက်မှာ အသိပေးထုတ်ပြန်ထားပါတယ်။ ဆယ်ကျော်သက်လူငယ်များ၊ ၎င်းတို့၏ မိဘ၊ အုပ်ထိန်းသူများ၊ ဆရာ/ဆရာမများ၊ ဆယ်ကျော်သက် ကျန်းမာရေးစီမံကိန်းမန်နေဂျာများ၊ ဆေးလိပ်၊ ဆေးရွက်ကြီးသုံးစွဲမှု အန္တရာယ်အကြောင်း ပညာပေးသူများအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုပေးသူအားလုံးအတွက် ကျင်းပပေးခြင်းဖြစ်ကြောင်း အသိပေးထားပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ၏ “ဆေးလိပ်နှင့် ဆေးရွက်ကြီးထုတ်ကုန်များ၊ နီကိုတင်းထုတ်ကုန်အသစ် များနှင့် ကွမ်းသီးသုံးစွဲမှုဆိုင်ရာ အယူအဆမှားများနှင့် သိကောင်းစရာများအကြောင်းစကားဝိုင်း” ကို မြန်မာဘာသာနဲ့ ကျင်းပမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)
20 Jul