“ငလျင်ကြောင့် ပျက်ဆီးသွားတဲ့ ရုံးအဆောက်အုံများ အသစ်ပြင်ဆင်တည်ဆောက်ခြင်းများ လုပ်ဆောင်နေ”
20 Jul
နေပြည်တော်ကောင်စီနယ်မြေအတွင်း မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားတဲ့ ရုံးအဆောက်အအုံများ ပြန်လည်ပြုပြင်ခြင်းနှင့် အသစ်တည်ဆောက်ခြင်းများကို လုပ်ဆောင်နေကြောင်း သိရပါတယ်။ အခုလိုပြင်ဆင်ဆောက်လုပ်မှုအခြေအနေများကို အဆောက်အအုံများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က လိုက်လံကြည့်ရှုစစ်ဆေးခဲ့ခြင်းလည်း ဖြစ်ပါတယ်။ နေပြည်တော်ကောင်စီနယ်မြေအတွင်း မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားတဲ့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဆောက်အအုံအသစ်တည်ဆောက်ရေး လုပ်ဆောင် နေခြင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ငလျင်ဒဏ်ကြောင့် နေပြည်တော်ရှိ အစိုးရရုံးအဆောက်အအုံများ၏ ၇၀ ရာခိုင်နှုန်းခန့် ထိခိုက်ပျက်စီးမှု ရှိခဲ့ကြောင်း သိရပါတယ်။ (NVS 008)
20 Jul