၂၀၂၆ ကမ္ဘာ့ဖလား တတိယနေရာကို အင်္ဂလန်အသင်း ရရှိခဲ့
19 Jul
၂၀၂၆ ခုနှစ် ဖီဖာကမ္ဘာ့ဖလားရဲ့ တတိယနေရာလုပွဲကြီးမှာ ဥရောပရဲ့ထိပ်တန်းအင်အားကြီး အသင်းများ ဖြစ်တဲ့ ပြင်သစ်အသင်းနဲ့အင်္ဂလန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ အင်္ဂလန်အသင်းက ပြင်သစ်အသင်းကို ၆ ဂိုး ၄ ဂိုးနဲ့အနိုင်ရရှိကာ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားရဲ့ တတိယနေရာကို ရရှိခဲ့ပါတယ်။ ဥရောပထိပ်သီးအသင်းများပီပီ နှစ်ဘက်အသင်းများက အပြန်အလှန်သွင်းဂိုးများနဲ့ကြည့်ကောင်းတဲ့ပွဲစဉ်တစ်ခု ဖြစ်ခဲ့ပါတယ်။ ပွဲစပြီး ၃ မိနစ်မှာ အင်္ဂလန်အသင်းဟာ ဒီကလန်ရိုက်ရဲ့သွင်းဂိုးနဲ့စတင်ခဲ့ပြီး ပထမပိုင်း ပွဲပြီးချိန်ထိ ၄ ဂိုး ဂိုးမရှိနဲ့ ပထမပိုင်းမှာ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ပြင်သစ်အသင်းက ကစားအားကို မြှင့်တင်ပြီး ဒုတိယ ပိုင်းပွဲချိန် ၄၈ မိနစ်မှာ ဘာပေက ချေပဂိုးသွင်းယူပေးခဲ့ကြ ပြိုင်ပွဲအရှိန်အဟုန်ပိုမိုမြင့်တက်စေခဲ့ပါတယ်။ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားရဲ့တတိယနေရာလုပွဲဟာ အပြန်အလှန်သွင်းဂိုးအများဆုံးပွဲစဉ်တစ်ခုဖြစ်လာခဲ့ပြီး အင်္ဂလန် အသင်းက ကမ္ဘာ့ဖလားတတိယနေရာကို ထိုက်တန်စွာရရှိခဲ့ပါတယ်။ (NVS 008)