မန်ယူနဲ့ အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့တဲ့ အယ်ဒယ်ဆန်ကို အတ္တလန်တာအသင်း သက်တမ်းတိုး

19 Jul

အတ္တလန်တာအသင်းဟာ မန်ယူနဲ့အပြောင်းအရွှေ့ပျက်ပြယ်ခဲ့တဲ့ အသင်းကွင်းလယ်လူ အယ်ဒယ်ဆန်ကို စာချုပ်သက်တမ်းတိုးခဲ့ပါတယ်။ အတ္တလန်တာအသင်းက စာချုပ်သက်တမ်းပမာဏကို မဖော်ပြပေမဲ့ အီတလီ သတင်းတွေကတော့ ၂၀၃၁ ခုနှစ်အထိ ဖြစ်တယ်လို့ ရေးသားခဲ့ပါတယ်။ အသက် ၂၇ နှစ်အရွယ်ရှိ ဘရာဇီး ကွင်းလယ်လူ အယ်ဒယ်ဆန်ရဲ့မူလစာချုပ်က ၂၀၂၇ ခုနှစ် ဇွန်လမှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဇွန်လက မန်ယူအသင်းဟာ အယ်ဒယ်ဆန်ကို ခေါ်ယူဖို့ ပေါင် ၃၅ သန်းနဲ့ သဘောတူညီမှု ရခဲ့ပါ တယ်။ ဒါပေမဲ့ မန်ယူနိုက်တက်အသင်း အယ်ဒယ်ဆန်ကို ဆေးစစ်ချိန်မှာ ကြံ့ခိုင်မှုပြဿနာရှိနေလို့ မခေါ်တော့ရန် ဆုံးဖြတ်ခဲ့ပါတယ်။ လက်ရှိမှာတော့ မန်ယူအသင်းဟာ အန်ဒရေဆန်းတို့စ်၊ တီလေမန်းစ်စတဲ့ ကွင်းလယ် ကစားသမားတွေကို ခေါ်ယူထားပါတယ်။ (NVS 008)

19 Jul

ADVERTISE HERE .