အက်စတွန်ဗီလာအသင်း မန်ဇမ်ဘီကို ကလပ်စံချိန်တင်ကြေးနဲ့ ခေါ်ယူ
19 Jul
အက်စတွန်ဗီလာအသင်းဟာ ဘွန်ဒစ်လီဂါကလပ် ဖရိုင်းဘတ်အသင်းက ဆွစ်ဇာလန်လက်ရွေးစင် ကွင်းလယ်လူ မန်ဇမ်ဘီကို ကလပ်စံချိန်တင်ကြေးနဲ့ ခေါ်ယူခဲ့ပါတယ်။ ဗီလာအသင်းအနေနဲ့ အသက် ၂၀ အရွယ် သာရှိသေးတဲ့ မန်ဇမ်ဘီအတွက် အပိုဆုကြေးအပါအဝင် ပေါင် ၅၉ ဒသမ ၅ သန်းခန့် ကုန်ကျနိုင်ပါတယ်။ မန်ဇမ်ဘီရဲ့ပြောင်းရွှေ့ကြေးဟာ လွန်ခဲ့တဲ့နှစ်နှစ်က အိုနာနာကို ခေါ်ယူခဲ့စဉ်က ပေးခဲ့ရတဲ့ ပေါင်သန်း ၅၀ ကို ကျော်ဖြတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်က မန်ဇမ်ဘီဟာ နယူးကာဆယ်အသင်းကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၅၀ ဝန်းကျင်နဲ့ ပြောင်းရွှေ့ဖို့ နှစ်သင်းအကြား သဘောတူထားခဲ့ပေမယ့် ဗီလာအသင်းက ကြားဝင်လာကာ လျင်လျင်မြန်မြန် လှုပ်ရှားခဲ့ပြီး မန်ဇမ်ဘီကလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရထားတဲ့ ဗီလာအသင်းသို့ ပြောင်းဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါ တယ်။ မန်ဇမ်ဘီဟာ ကမ္ဘာ့ဖလားမှာ ကွာတားဖိုင်နယ်ရောက်ခဲ့တဲ့ ဆွစ်ဇာလန်အသင်းအတွက် သုံးဂိုးသွင်းခဲ့သလို ပြီးခဲ့တဲ့ ရာသီက ယူရိုပါလိဂ်လူငယ်အကောင်းဆုံးကစားသမားဆု ဆွတ်ခူးခဲ့ပြီး ပြိုင်ပွဲစုံ ၄၇ ပွဲကစားကာ ခုနစ်ဂိုး သွင်း ယူပေးနိုင်ခဲ့ပါတယ်။ (NVS 008)