တူချဲလ်အနေနဲ့တစ်မူထူးခြားတဲ့ နည်းဗျူဟာကို အသုံးပြုခဲ့တယ်လို့ ဒေါ်နယ်လ်ထရမ့် ဝေဖန်

19 Jul

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က အင်္ဂလန်အသင်းဆီမီးဖိုင်နယ်ရှုံးနိမ့်မှုအပေါ် နည်းပြတူချဲလ် အနေ နဲ့တစ်မူထူးခြားတဲ့ နည်းဗျူဟာကို အသုံးပြုခဲ့တယ်လို့ ဝေဖန်ခဲ့ပါတယ်။ ဇူလိုင်လ ၁၇ ရက်က Trump Tower မှာ ပြုလုပ်ခဲ့တဲ့ FIFA ရဲ့အခမ်းအနားတစ်ခုမှာ ဒေါ်နယ်လ်ထရန့်က ဝေဖန်ခဲ့တာဖြစ်ပါတယ်။ ဒေါ်နယ်လ်ထရန့်က အင်္ဂလန်နည်းပြ တူချဲလ်ဟာ တိုက်စစ်မှူး ဟာရီကိန်းကို ခံစစ်အထိလိုက်ပါကစားခိုင်းတယ်လို့ သုံးသပ်ခဲ့တာ ဖြစ် ပါတယ်။ ထရမ့်က သူအနေနဲ့ဘောလုံးအကြောင်းကို မသိပေမယ့် ပွဲကိုဦးဆောင်နေချိန်မှာ အကောင်းဆုံး ကစား သမားကို ခံစစ်မှာ နေရာချထားခြင်းကို ဝေဖန်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါအပြင် အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းကို လည်း ချီးကျူးကြောင်း သုံးသပ်ပြောကြားခဲ့ပါတယ်။ FIFA ဥက္ကဋ္ဌ အင်ဖန်တီနိုကတော့ ဒေါ်နယ်လ်ထရမ့် ပြောနေချိန်မှာ ဘေးမှာ ရယ်လျက် လက်ခုပ်တီးနေခဲ့ပါတယ်။ ဒေါ်နယ်လ်ထရမ့်ဟာ လွန်ခဲ့တဲ့ ၁၈ လက ဟာရီကိန်းနဲ့အတူ ဂေါ့ဖ် အတူကစားခဲ့ကြကြောင်း သိရပါတယ်။ (NVS 008)

19 Jul

ADVERTISE HERE .