လီဗာပူးလ်ကွင်းလယ်လူ ဆာဘိုဆလိုင်း အသင်းနဲ့ငါးနှစ်သက်တမ်းစာချုပ်သစ် ချုပ်ဆိုခဲ့

19 Jul

လီဗာပူးလ်ကွင်းလယ်ကစားသမား ဆာဘိုဆလိုင်းဟာ အသင်းနဲ့ ၂၀၃၁ ခုနှစ်အထိ သက်တမ်းရှိမယ့် ငါးနှစ် စာချုပ်သစ် ချုပ်ဆိုခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ် ဆာဘိုဆလိုင်းဟာ ၂၀၂၃ ခုနှစ်က လိုက်ပ်ဇစ်အသင်းကနေ ပေါင် သန်း ၆၀နဲ့ အသင်းကို ရောက်ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက လီဗာပူးလ်အသင်း ရုန်းကန်ခဲ့ရပေမယ့် ဆာဘို ဆလိုင်းကတော့ အသင်းမှာ ထူးထူးခြားခြား ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဆာဘိုဆလိုင်းဟာ လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံ ၁၃ ဂိုးသွင်းကာ ၁၂ ဂိုးဖန်တီးပေးခဲ့ပါတယ်။ ဆာဘိုဆလိုင်းက လီဗာပူးလ်အသင်းနဲ့အတူ အောင်မြင်မှုများစွာရယူသွားလိုပြီး ချန်ပီယံလိဂ်ဖလားကို ပစ်မှတ် ထားနေတယ်လို့ ဝန်ခံခဲ့ပါတယ်။ လာမယ့်ရာသီ ဆာဘိုဆလိုင်းဟာ ရောဘတ်ဆန်အသင်းကထွက်သွားလို့ ဒုတိယ အသင်းခေါင်းဆောင်ဖြစ်လာဖို့လည်း ရေပန်းစားနေပါတယ်။ (NVS 008)

19 Jul

ADVERTISE HERE .