ကျိုက်ထိုတွင် သံတံတားကျေးရွာဒေသခံများကို မြေငှားဂရန်များ ပေးအပ်

19 Jul

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် သံတံတားကျေးရွာရှိ ဒေသခံပြည်သူများအား မြေငှားဂရန်ပေးအပ်ပွဲကို ဇူလိုင်လ ၁၈ ရက်နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါဂရန်ပေးအပ်ခြင်းကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ရက် (၁၀၀) စီမံချက်အရ ဆောင်ရွက်ခြင်းဖြစ်ပြီး ကျူချောင်ကျေးရွာအုပ်စု၊ သံတံတားကျေးရွာမှ ဒေသခံများလက်ဝယ်သို့ လွှဲပြောင်းပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ အခမ်းအနားမှာ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးကံစောလှိုင်နှင့်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌဦးတင့်လွင်တို့က မြေငှားဂရန်လျှောက်ထားခြင်း၊ ခွင့်ပြုချထားပေးခြင်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကြပြီးဒေသခံများထံ ဂရန်များလွှဲပြောင်းပေးအပ်ခဲ့ကြပါတယ်။ အဆိုပါပေးအပ်ပွဲသို့ ပြည်နယ် အဆင့်နှင့်ခရိုင်/မြို့နယ်အဆင့်တာဝန်ရှိသူများ၊ ဂရန်ထုတ်ပေးရေးလုပ်ငန်းအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါတယ်။ (NVS 004)

19 Jul

ADVERTISE HERE .