နိုင်ငံတော်သမ္မတ ရန်ကုန်တိုင်းဒေသကြီးအတွင်း သီလဝါဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်များ အကောင်အထည် ဖော်ထားရှိမှုကို ကြည့်ရှုစစ်ဆေး

19 Jul

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇူလိုင်လ ၁၈ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေးဇုန်များအကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါ တယ်။ ကျောက်တန်းမြို့နယ်၊ ရန်ကုန်မြစ်နှင့်မှော်ဝန်းချောင်းကြားနေရာရှိ သီလဝါဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန် ကို ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သီလဝါဘက်စုံ စိုက်ပျိုး မွေးမြူရေးဇုန်၊ ရွှေပြည်စိုက်ပျိုးမွေးမြူရေးဇုန်(မှော်ဘီ)၊ (၂၆) မိုင် ဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်တို့၌ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ ငါးမွေးမြူရေးလုပ်ငန်း(မအူပင်)၊ ငါးမွေးမြူရေးလုပ်ငန်း(ရွှေမုယင်း)တို့ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ တန်(၅၀၀)အအေးခန်းစက်ရုံ(လှိုင်သာယာ)၏ အချက်အလက်များနှင့် လုပ်ငန်းဆောင်ရွက်နိုင်မှုတို့ကို ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရပါတယ်။ နိုင်ငံတော်သမ္မတက အထွက်နှုန်းတိုးမြင့်လာစေမယ့် မွေးမြူရေးနည်းလမ်းများကို ဆက်လက်လေ့လာ ဆောင်ရွက်ရန်၊ စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာ၌ မိရိုးဖလာသမားရိုးကျနည်းလမ်းများဖြင့် စိုက်ပျိုးခြင်း ထက် ခေတ်မီနည်းစနစ်များအသုံးပြုစိုက်ပျိုးတဲ့ နည်းလမ်းများဖြင့်ဆောင်ရွက်ရန် မှာကြားခဲ့ပါတယ်။ ရန်ကုန် တိုင်းဒေသကြီးအတွင်း စက်ရုံ၊ အလုပ်ရုံများစွာရှိပြီး လူဦးရေများပြား၍ ဝယ်လိုအားနှင့်ရောင်းလိုအား မျှတစေရန် နှင့်အခြေခံစားကုန်များကုန်ဈေးနှုန်းကြီးမြင့်မှုကို ထိန်းသိမ်းနိုင်ရန်ရည်ရွယ်၍ အသား၊ ငါးနှင့် ရာသီသီးနှံများ ထုတ်လုပ်မှုကို အောင်မြင်အောင် ဆက်လက်အကောင်အထည်ဖော်ရန်၊ ဇုန်များအလိုက် မြေအသုံးချမှုများကို အကျိုးရှိရှိအသုံးပြုနိုင်ရန်၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတိုးချဲ့ဆောင်ရွက်ရန်၊ အထွက်နှုန်းများတိုးမြင့်လာစေ ရေး အတွက်စနစ်တကျဆောင်ရွက်ရန်တို့ကို လမ်းညွှန်မှာကြားခဲ့ပါတယ်။ နိုင်ငံတော်သမ္မတ က မွေးမြူရေးဇုန်အတွင်း ငါးတန်၊ ငါးမြစ်ချင်း၊ ငါးမုတ်တို့အား ငါးသားဖောက်လုပ်ငန်း ဆောင်ရွက်နေမှု၊ ငါးသားပေါက်မွေးမြူထားရှိမှု၊ သီလဝါဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်အတွင်း ဘဲမွေးမြူရေး ဆောင်ရွက်ထားရှိမှု၊ ငါးမွေးမြူရေးဆောင်ရွက်ထားရှိမှု၊ သီလဝါဘက်စုံစိုက်ပျိုးမွေး မြူရေးဇုန်မှထွက်ရှိတဲ့ ကြက်ဥ၊ ဘဲဥ၊ နို့ထွက်ပစ္စည်းများ ခင်းကျင်းပြသထားမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ (NVS 004)

19 Jul

ADVERTISE HERE .