မြစ်ကြီးနားနိုင်ငံတကာပညာရေးဖိုရမ် ၂၀၂၆ ကို နိုဝင်ဘာလအတွင်းကျင်းပမည်
19 Jul
ပထမအကြိမ် မြစ်ကြီးနားနိုင်ငံတကာပညာရေးဖိုရမ် ၂၀၂၆ ကို လာမည့် နိုဝင်ဘာလအတွင်း၌ ကချင် ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြစ်ကြီးနားတက္ကသိုလ်တွင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။အဆိုပါ ဖိုရမ်မှာ အာဆီယံ(၁၀)နိုင်ငံအပြင် တရုတ်၊ အိန္ဒိယ၊ ဂျပန်နှင့်ကိုရီးယားနိုင်ငံများရှိ တက္ကသိုလ်အသီးသီးမှ ပညာရှင်များ ပါဝင်မည် ဖြစ်ကြောင်း သိရပါတယ်။ ဖိုရမ်ကျင်းပနိုင်ရေးအတွက် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် က လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များကို ဌာနဆိုင်ရာများနှင့်ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါ တယ်။ မြစ်ကြီးနားနိုင်ငံတကာပညာရေးဖိုရမ် ၂၀၂၆ ကို ပြည်နယ်ဖွံ့ဖြိုးရေးမှသည် နိုင်ငံ၏ငြိမ်းချမ်းရေးနှင့်လူမှု စီးပွားတိုးတက်မှုဆီသို့ဟူသော မဟာဗျူဟာမြောက်ရည်မှန်းချက်ဖြင့် ကျင်းပမည်ဖြစ်ကာ စာတမ်းဖတ်ပွဲများ၊ ပညာရှင်များ၏ အထူးဟောပြောပွဲကဏ္ဍများ၊ ငြိမ်းချမ်းရေး၊ ပညာရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲများနှင့်ဒေသ ထွက်ကုန်နှင့်သုတေသနအခြေပြု တီထွင်ဆန်းသစ်မှုပြပွဲများ ပါဝင်မည်ဖြစ်ကြောင်း သိရပါတယ်။ ထိုဖိုရမ်မှ ကမ္ဘာလုံးဆိုင်ရာအမြင်နှင့်ဒေသတွင်းအလားအလာများကို ဟန်ချက်ညီစုစည်းချိတ်ဆက်ပေးပြီး ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ငြိမ်းချမ်းရေးကို အရှိန်အဟုန်ဖြင့်အထောက်အကူပေးနိုင်မှာ ဖြစ်ပါတယ်။ (NVS 004)