ပြည်တွင်းရှိ သကြားဈေးများ ဆက်လက်ကျဆင်း

19 Jul

ကမ္ဘာ့သကြားဈေးနှုန်းများကျဆင်းနေပြီး ပြည်ပဝယ်လိုအားနည်းလာခြင်းကြောင့် မြန်မာ့သကြားပို့ကုန် တင်ပို့မှုလျော့ကျလာကာ ပြည်တွင်းသကြားဈေးနှုန်းများလည်း ဆက်လက်ကျဆင်းလျက်ရှိကြောင်း မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။ ၂၀၂၅-၂၀၂၆ ကြံကြိတ်ရာသီကုန် မေလအထိ မြန်မာနိုင်ငံတွင် သကြားတန်ချိန် လေးသိန်းခန့်ထုတ်လုပ်နိုင်ခဲ့ပြီး ယင်းပမာဏမှာ ယခင်နှစ်ထက် ၁၀ ရာခိုင်နှုန်း ကျော် လျော့ကျခဲ့ကြောင်း သိရပါတယ်။ နှစ်စဉ် ပြည်တွင်း၌သကြားစားသုံးမှုမှာ တန်ချိန်သုံးသိန်းခန့်ရှိပြီး ကျန်ပမာဏကို ပြည်ပသို့ တင်ပို့လျက် ရှိပါတယ်။ ၂၀၂၅ ခုနှစ်အတွင်း မြန်မာ့သကြားပို့ကုန်မှာ တန်ချိန် ၉၀,၀၀၀ ကျော်ရှိခဲ့သော်လည်း ကမ္ဘာ့သကြား ဈေးနှုန်းကျဆင်းမှုကြောင့် ယခုနှစ်တွင် ပို့ကုန်ပမာဏမှာ ယခင်နှစ်ထက်ပိုမိုလျော့ကျနိုင်ကြောင်း မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းက ဆိုထားပါတယ်။ ကမ္ဘာ့သကြားဈေးနှုန်းမှာ ယခင်နှစ်က သကြားတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၅၀ ဝန်းကျင်ရှိခဲ့သော်လည်း လက်ရှိတွင် အမေရိကန်ဒေါ်လာ ၄၀၀ ခန့်သာ ပေါက်ဈေးရှိနေကြောင်း သိရပါတယ်။ (NVS 004)

19 Jul

ADVERTISE HERE .