၂၄ နာရီအတွင်း ယူကရိန်း၏ဒရုန်း ၇၇၄ စင်းကို ရုရှားပစ်ချနိုင်ဟုဆို

19 Jul

ရုရှား၏လေကြောင်းရန်ကာကွယ်ရေးစနစ်များသည် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ယူကရိန်းဘက်မှ လွှတ်တင်သော ဒရုန်း ၇၇၄ စင်းနှင့် လမ်းညွှန်လေကြောင်းဗုံး ၁၃ လုံး ကို ကြားဖြတ်ပစ်ချဖျက်ဆီးနိုင်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင်လ ၁၈ ရက်တွင် ထုတ်ပြန်ကြေညာသည်။ ရုရှားဘက်ကမူ ယူကရိန်း၏ စစ်ဘက်ဆိုင်ရာပစ်မှတ်များကို ဝေဟင်ပစ်တိကျလမ်းညွှန်လက် နက်များနှင့် တိုက်ခိုက်ရေးဒရုန်းများ အသုံးပြုကာ စစ်ဆင်ရေးဆင်နွှဲခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဝန်ကြီးဌာနက ဆိုသည်။ ထိုစစ်ဆင်ရေးတွင် ယူကရိန်းတပ်ဖွဲ့များအတွက် စက်သုံးဆီနှင့်ချောဆီများ အတင်အချပြုလုပ်ရသော အိုဒက်ဆာဆိပ်ကမ်းရှိဂိုဒေါင်များနှင့် စက်သုံးဆီသိုလှောင်ရုံများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း ဖြစ်သည်။ ထို့ပြင် အိုဒက်ဆာဒေသ ချော်နိုမော့ဆိပ်ကမ်းတွင် ခဲယမ်းမီးကျောက်များ အတင်အချလုပ်နေသည့် ကွန်တိန်နာသင်္ဘော ကိုလည်း တိုက်ခိုက်ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။

19 Jul

ADVERTISE HERE .