အမေရိကန်နှင့်အီရန်တို့ကြား အပြန်အလှန်တိုက်ခိုက်မှုများနဲ့အတူ စစ်ရေးတင်းမာမှု အရှိန်မြင့်တက်လာ

19 Jul

အမေရိကန် အလယ်ပိုင်းဒေသစစ်ဌာနချုပ်က အီရန်နိုင်ငံအတွင်းသို့ ဇူလိုင်လ ၁၇ ရက်ညပိုင်းတွင် အပြင်း အထန်ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ပြီးနောက် အီရန်ကလည်း ပင်လယ်ကွေ့ဒေသရှိအမေရိကန်၏ မဟာမိတ် နိုင်ငံ များကို ဇူလိုင်လ ၁၈ ရက်တွင် တုံ့ပြန်တိုက်ခိုက်ခဲ့သဖြင့် နှစ်နိုင်ငံကြားစစ်ရေးတင်းမာမှုများမှာ ထိန်းမနိုင်သိမ်းမရ အခြေအနေသို့အရှိန်အဟုန်ပြင်းစွာ မြင့်တက်လာနေသည်။ အမေရိကန်တပ်ဖွဲ့ဝင်များသည် အီရန်၏ စောင့်ကြည့် ရေးစခန်းများ၊ စစ်ဘက်ဆိုင်ရာထောက်ပံ့ပို့ဆောင်ရေးနေရာများနှင့် မြေအောက်၌ရှိသော လက်နက်သိုလှောင်ရုံ များကို သတ္တမမြောက်ရက်အဖြစ် တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း အမေရိကန်အလယ်ပိုင်း ဒေသစစ်ဌာနချုပ်က ထုတ်ပြန်ထားသည်။ ယခုတိုက်ခိုက်မှုများကြောင့် အီရန်ပြည်သူသုံးဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိကြောင်း အီရန်နိုင်ငံပိုင် သတင်းဌာနများက ဖော်ပြထားသည်။ ထို့နောက် အမေရိကန်၏တိုက်ခိုက်မှုကိုတုံ့ပြန်သည့်အနေဖြင့် အီရန်နိုင်ငံ၏ အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့က ကူဝိတ်နိုင်ငံရှိ အမေရိကန်ရေတပ်စက်သုံးဆီတင်ဆိပ်ကမ်းနှင့် ဘာရိန်းနိုင်ငံရှိ အမေရိကန်တိုက်လေယာဉ်စခန်းတို့ကိုပစ်မှတ်ထား၍ ဒုံးကျည်များဖြင့် တိုက်ခိုက်သည်။ ထို့ပြင် အမေရိကန်စစ်စခန်းများကို လက်ခံထားသည့် အိမ်နီးနားချင်းနိုင်ငံများသည် အီရန်ကိုတိုက်ခိုက်ရာတွင် ၎င်းတို့၏နယ်မြေကို အသုံးပြုခွင့်ပေးခဲ့ပါက ထပ်တူထပ်မျှပြင်းထန်သော တုံ့ပြန်မှုများနှင့်ရင်ဆိုင်ရမည်ဟု အီရန် ဘက်က ပြတ်ပြတ်သားသား သတိပေးထားပေးထားသည်ဟု သတင်းဌာနများကဖော်ပြထားသည်။

19 Jul

ADVERTISE HERE .