AI တိုးတက်မှုက ယဉ်ကျေးမှုကို မထိခိုက်ရန်လိုအပ်ဟု ရှီကျင့်ဖျင်ပြော

18 Jul

ကမ္ဘာ့ဆန်းသစ်တီထွင်မှု နည်းပညာလောကတွင် AI ၏ဖွံ့ဖြိုးတိုးတက်မှုသည် လူသားတို့၏မတူကွဲပြား သော ယဉ်ကျေးမှုကို မထိခိုက်စေရန်လိုအပ်ကြောင်း ရှန်ဟိုင်းမြို့၌ကျင်းပသည့် ကမ္ဘာ့ဉာဏ်ရည်တုညီလာခံ၌ တရုတ်သမ္မတ ရှီကျင့်ဖျင် ကပြောသည်။ "Al ခေတ်၌ တစ်ကမ္ဘာလုံးဆိုင်ရာစည်းလုံးညီညွတ်မှု" ခေါင်းစဉ်ဖြင့် ရှန်ဟိုင်းမြို့၌ ဇူလိုင်လ ၁၇ ရက်မှ ၂၀ ရက်အထိကျင်းပနေသည့် ကမ္ဘာ့ဉာဏ်ရည်တုညီလာခံဖွင့်ပွဲအခမ်းအနားတွင် ရှီကျင့်ဖျင်က ယခုကဲ့သို့ ပြောခြင်းဖြစ်သည်။ ဉာဏ်ရည်တု (AI) နည်းပညာများ တိုးတက်လာမှုနှင့် အသုံးပြုမှုများ သည် ကမ္ဘာ့လူသားမျိုးနွယ်စုများ၏ကွဲပြားခြားနားသောယဉ်ကျေးမှုများနှင့် နိုင်ငံအသီးသီး၏ကိုယ်ပိုင်ထူးခြား သည့် ရိုးရာဓလေ့များကို လွှမ်းမိုးဖျက်ဆီးခြင်း မရှိစေရန်နှင့် Al နည်းပညာသည် လူသားတို့၏ ထိန်းချုပ်မှုအောက် တွင်သာ အစဉ်အမြဲရှိစေရန် အလေးအနက်ထားဆောင်ရွက်ရမည်ဟု သမ္မတ ရှီကျင့်ဖျင်က အလေးအနက် ထည့်သွင်း ပြောထားသည်။ အထူးသဖြင့် AI နည်းပညာ၏တန်ဖိုးသတ်မှတ်ချက်ကို လူသားမျိုးနွယ်တစ်ရပ်လုံး၏ဘုံတန်ဖိုးများနှင့် အညီ ပုံဖော်ရန်လိုအပ်ပြီး မတူညီသောယဉ်ကျေးမှုများကြား နားလည်မှုနှင့်သည်းခံနိုင်မှုတို့ကို အားကောင်းစေကာ အပြန်အလှန်သင်ယူဖလှယ်မှုများကို မြှင့်တင်ရမည်ဟု ရှီကျင့်ဖျင်ကဆိုသည်။ ထို့ပြင် AI နယ်ပယ်တွင် နိုင်ငံတကာ နှင့်အမျိုးသားလုံခြုံရေးဆိုင်ရာအယူအဆများကို လိုအပ်သည်ထက် ပိုမိုကျယ်ပြန့်စွာအသုံးချခြင်းနှင့် တစ်နိုင်ငံ၏ လုံခြုံရေးအချက်အလက်များကို အခြားနိုင်ငံများ၌ထားရှိခြင်းကို ဆန့်ကျင်ရမည်ဟု ရှီကျင့်ဖျင်က တိုက်တွန်း ထားသည်ဟု Sputnik သတင်းဌာနဖော်ပြချက်အရ သိရသည်။ Website Link - https://starfmradio.live/news/18801/show

18 Jul

ADVERTISE HERE .