၂၀၂၆ ကမ္ဘာ့ဖလားချန်ပီယံဆုရရှိတဲ့ ကစားသမားတွေကို သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် လက်စွပ်ဆုချီးမြှင့်မယ်

17 Jul

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုရရှိတဲ့ကစားသမားတွေကို ပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံး အကြိမ်အဖြစ် လက်စွပ်ဆုချီးမြှင့်မယ်လို့ သိရပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါတို့ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပcJhပြီး လက်စွပ်ဆုချီးမြှင့်ခြင်းဟာ အမေရိကန်အားကစားလောကရဲ့ အစဉ်အလာတစ်ခုကို ကမ္ဘာ့ဘောလုံးလောကဆီ သယ်ဆောင်ခြင်းဖြစ်ကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ဖော်ပြခဲ့ပါတယ်။ ဖီဖာက လက်စွပ်အရေအတွက် ၂,၀၂၆ ကွင်းသာ ထုတ်လုပ်သွားမှာဖြစ်ပြီး ချန်ပီယံအသင်းကို ကွင်း ၃၀ ဆု ချီးမြှင့်မှာဖြစ်ပြီး ကျန်တဲ့ ၁,၉၉၆ ကွင်းကိုတော့ ကမ္ဘာတစ်လွှားက ပရိသတ်တွေထံ ရောင်းချပေးသွားမှာ ဖြစ် ကြောင်း သိရပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်တာကြောင့် လက်စွပ် ၂,၀၂၆ ကွင်း ထုတ်လုပ်တာဖြစ်ပြီး လက်စွပ်တွေမှာ နံပါတ်(၁)ကနေ (၂၀၂၆) အထိ နံပါတ်တစ်ခုချင်း ထည့်သွင်းရိုက်နှိပ်ထားမှာဖြစ်ကြောင်းလည်း သိရပါတယ်။ ဖီဖာက လက်စွပ်၏အသေးစိတ်အချက်အလက်ကို ဖော်ပြခြင်းမပြုသေးပေမဲ့ စပိန်အားကစား သတင်းစာ AS ကတော့ NBA ချန်ပီယံကို ပေးအပ်တဲ့ လက်စွပ်နဲ့တူညီမယ်ဆိုရင် တစ်ကွင်းကို ဒေါ်လာ ၁၅၀,၀၀၀ ဝန်းကျင် တန်ကြေးရှိမယ်လို့ ခန့်မှန်းဖော်ပြခဲ့ပါတယ်။ (NVS 008)

17 Jul

ADVERTISE HERE .