ဧရာဝတီအမျိုးသမီးအသင်း ဂျပန်အမျိုးသမီးနည်းပြ ကူမီကိုကို တာဝန်ပေးခန့်အပ်

17 Jul

ဧရာဝတီအမျိုးသမီးအသင်းဟာ နည်းပြချုပ် ဦးအောင်ကျော်ဇံနဲ့ နှစ်ဖက်သဘောတူ လမ်းခွဲပြီးနောက် ဂျပန် အမျိုးသမီးနည်းပြ ကူမီကိုကို အစားထိုးခန့်အပ်တာဝန်ပေးလိုက်ကြောင်း သိရပါတယ်။ ဒီရာသီမှာ နည်းပြဟောင်း ဦးအောင်ကျော်ဇံဟာ ပြီးခဲ့တဲ့ရာသီက ဧရာဝတီအမျိုးသမီးအသင်းကို မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲမှာ ရှုံးပွဲမရှိ ဗိုလ်စွဲအောင် စွမ်းဆောင်ပေးထားပြီး အာရှအမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲ ခြေစစ်ပွဲဝင်ခွင့်ရအောင် စွမ်းဆောင် ပေးထားသူဖြစ်ပါတယ်။ ဧရာဝတီအမျိုးသမီးအသင်းဟာ ဂျပန်အမျိုးသမီးနည်းပြ ကူမီကိုကို တာဝန်ပေးခန့်အပ် လိုက်ကြောင်း တရားဝင်သတင်းထုတ်ပြန်ခဲ့ပေမဲ့ စာချုပ်သက်တမ်းကို မဖော်ပြခဲ့တာကြောင့် တစ်ရာသီ စာချုပ် သက်တမ်းသာ ဖြစ်ဖွယ်ရှိကြောင်း သိရပါတယ်။ နည်းပြသစ် ဂျပန်အမျိုးသမီး ကူမီကို ဟာ မြန်မာ ယူ- ၁၇ အမျိုးသမီးအသင်းကို တာဝန်ယူကိုင်တွယ်ခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက အာရှဖလား ယူ- ၁၇ အမျိုးသမီးပြိုင်ပွဲ ကို ခြေစစ်ပွဲအောင်ပြီး နောက်ဆုံးအဆင့်ပြိုင်ပွဲဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးထားသူဖြစ်ပါတယ်။ လက်ရှိ ချန်ပီယံ ဧရာဝတီအမျိုးသမီး အသင်းဟာ ယခုရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဥ် (၅) အပြီးမှာ ISPE အသင်းနဲ့ ၃ မှတ်ကွာပြီး အဆင့် (၂) နေရာမှာ ရပ်တည်နေပါတယ်။ (NVS 008)

17 Jul

ADVERTISE HERE .