ရီးရဲလ်အသင်းနဲ့ သတင်းထွက်နေပေမဲ့ ဘိုင်ယန်မြူးနစ်နဲ့ သက်တမ်းတိုးဖို့ ဆန္ဒရှိနေတဲ့ အိုလီဆေး

17 Jul

ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်ကစားသမား အိုလီဆေးဟာ ရီးရဲလ်အသင်းနဲ့သတင်းတွေထွက်နေပေမဲ့ လက်ရှိအသင်းနဲ့ပဲ သက်တမ်းတိုးဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်းနဲ့ အတူ ခြေစွမ်းပြနေတဲ့ အိုလီဆေးဟာ ၂၀၂၄ နွေရာသီမှာ ခရစ္စတယ်ပဲလေ့စ်ကနေ ဘိုင်ယန်မြူးနစ်ကို ယူရိုသန်း ၆၀ နဲ့ ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ရာသီစလုံး ဘိုင်ယန်မြူးနစ်အသင်းမှာ ခြေစွမ်းပြနိုင်ခဲ့တာကြောင့် စိတ်ဝင်စားတဲ့အသင်းများစွာက ခေါ်ယူချင်ပေမယ့် ရီးယဲလ်အသင်းကတော့ နေမာရဲ့ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ ကြေး ယူရို ၂၂၂ သန်းကို ချိုးဖျက်ပြီးခေါ်ယူဖို့အထိ အသင့်ရှိနေကြောင်း သတင်းထွက်နေခဲ့ပါတယ်။ ဥက္ကဋ္ဌရွေးကောက်ပွဲမတိုင်ခင်က ထိပ်တန်းအဆင့်ကြယ်ပွင့်ကစားသမားသစ် ခေါ်ယူပေးမယ်လို့ ကတိပြု ခဲ့တဲ့ ရီးရဲလ်ဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ်ကလည်း အိုလီဆေးဟာ ရီးရဲလ်မှာကစားဖို့ မွေးဖွားလာသူဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ၂၀၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတဲ့ အိုလီဆေးက လစာနှုန်းထားအသစ်နဲ့ သက်တမ်းတိုးစာချုပ်သစ်ချုပ်ဆိုထားပြီး ဘိုင်ယန်မြူးနစ်မှာ ဆက်နေသွားဖို့ ဆုံးဖြတ် ထားပါတယ်။ အိုလီဆေးက ကမ္ဘာ့ဖလားပြိုင်ပွဲပြီးရင် အသင်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးသွားဖို့ လိုလား နေတာဟာ ရီးရဲလ်အသင်းဆီ ပြောင်းရွှေ့ဖို့မဟုတ်ဘဲ ဘိုင်ယန်မြူးနစ်အသင်းနဲ့ သက်တမ်းတိုးဖို့သာ ဖြစ်ကြောင်း လည်း ဖော်ပြခဲ့ပါတယ်။ (NVS 008)

17 Jul

ADVERTISE HERE .