ကလပ်ဘရုအသင်းက ဂရိတောင်ပံကစားသမား ဇိုလစ်ကို အာဆင်နယ် သဘောတူညီမှုရရှိခဲ့

17 Jul

အာဆင်နယ်အသင်းဟာ ကလပ်ဘရုအသင်းက ဂရိလက်ရွေးစင်တောင်ပံကစားသမား ဇိုလစ်ကို ယူရိုသန်း ၄၀ နဲ့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ အသက် ၂၄ နှစ်အရွယ် ဇိုလစ်ဟာ နောဝစ်ချ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ ကစားဖူးခဲ့သူဖြစ်ပြီး ၂၀၂၄ နွေရာသီမှာ ကလပ်ဘရုအသင်းကို ယူရို ၆ သန်းနဲ့ ပြောင်းရွှေ့ သွားခဲ့ သူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ဇိုလစ်ဟာ ကလပ်ဘရုအသင်းအတွက် ၂၂ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၂၉ ကြိမ် ပြုလုပ်ကာ ခြေစွမ်းပြခဲ့တာကြောင့် ဘယ်လ်ဂျီယံပရိုလိဂ်ရဲ့ အကောင်းဆုံးကစားသမားဆု ရရှိခဲ့ပါတယ်။ အာဆင်နယ်အသင်းက ဇိုလစ်ကို ထရော့်ဆက်နေရာ အစားထိုးဖို့ ခေါ်ယူခဲ့ပြီး ကစားသမားကိုယ်တိုင် ကလည်း ပြောင်းရွှေ့ရန်သဘောတူခဲ့တာကြောင့် ပြောင်းရွှေ့ကြေးယူရိုသန်း ၄၀ နဲ့ ဘယ်လ်ဂျီယံပရိုလိဂ်အတွက် စံချိန်သစ်နဲ့ ပြောင်းရွှေ့နိုင်ခဲ့ပါတယ်။ အာဆင်နယ်အသင်းက ဇိုလစ်ကို အနည်းဆုံး ၅ နှစ်သက်တမ်းရှိတဲ့ နှစ်ရှည် စာချုပ်ချုပ်ဆိုသွားမှာဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

17 Jul

ADVERTISE HERE .