မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်က မကွေးစက်မှုဇုန်စီမံကိန်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေးခဲ့

17 Jul

မကွေးတိုင်းဒေသကြီး စက်မှုဇုန်များ ဖော်ဆောင်ရေးနှင့်ကြီးကြပ်ရေးကော်မတီ (ဒေသဆိုင်ရာကော်မတီ) နှင့်ဆုထူးပန်ဆောက်လုပ်ရေးကုမ္ပဏီတို့ အကျိုးတူပူးပေါင်း၍ မကွေးစက်မှုဇုန်စီမံကိန်းကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ၊ မကွေးစက်မှုဇုန်စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေ အား ဇူလိုင်လ ၁၆ ရက်နံနက်ပိုင်းက မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့်အဖွဲ့ဝင်ဝန်ကြီးများ၊ ဒေသ ဆိုင်ရာကြီးကြပ်ရေးကော်မတီတာဝန်ရှိသူများနှင့်အတူ သွားရောက်၍ ကြည့်ရှုစစ်ဆေးပါတယ်။ မကွေးစက်မှုဇုန်စီမံကိန်းလုပ်ငန်းဆိုင်ရာ ဆောင်ရွက်နေမှုအခြေအနများနှင့်လုပ်ငန်းတိုးတက်ပြီးစီးမှု အခြေအနေများအချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်နေမှုများကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြမှုအပေါ် တိုင်း ဒေသကြီးဝန်ကြီးချုပ် က စီမံကိန်းလုပ်ငန်းများ အရည်အသွေးပြည့်မီစွာဖြင့် စံနှုန်းများနှင့်အညီ သတ်မှတ်ကာလ ပြီးစီးရေးမှာကြားကာ၊ စက်မှုဇုန် အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါတယ်။ မကွေးမြို့စက်မှုဇုန်သည် မကွေး-တောင်တွင်းကြီးကားလမ်း၏ တောင်ဘက်၊ မိုင်တိုင်အမှတ် ၃၂၅၊ မကွေးမြို့မှ ၄ မိုင်ခန့်အကွာ၊ မကွေးကွန်ပျူတာတက္ကသိုလ်မှ ၇ ဖာလုံခန့်အကွာ၊ မကြီးကန်ဓာတ်အားခွဲရုံမှ ၁ ဒသမ ၅ မိုင်ခန့်အကွာအဝေးတွင်တည်ရှိပြီး အမှတ် (၅) စက်မှုသင်တန်းကျောင်း၊ တာတာကားစက်ရုံတို့နှင့် ဆက်စပ် လျက် တည်ရှိပြီး ၄၆၁ ဒသမ ၁၄ ဧက ကျယ်ဝန်းကာ၊ စက်မှုဇုန်မြေနေရာ၏ တောင်ဘက်ခြမ်း ၁ မိုင် ၄ ဖာလုံခန့် အကွာတွင် ဧရာဝတီမြစ်အနီးတွင်တည်ရှိတာကြောင့် နောင်အနာဂတ် စက်မှုဇုန်ဖွံ့ဖြိုးလာသည့်အချိန်တွင် ကုန်တင်၊ ကုန်ချဆိပ်ကမ်းငယ်တစ်ခုဆောင်ရွက်ခြင်းဖြင့် ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့နိုင်မည် ဖြစ် ကြောင်း သိရှိရပါတယ်။ (NVS 004)

17 Jul

ADVERTISE HERE .