“ပြည်လမ်းနှင့်လမ်းသစ်လမ်းရှိ ရှုပ်ထွေးနေသော ဆက်သွယ်ရေးကြိုးများ ရှင်းလင်း”

17 Jul

ရန်ကုန်မြို့ ပြည်လမ်းနှင့်လမ်းသစ်လမ်းတို့တွင် ရှုပ်ထွေးနေတဲ့ ဆက်သွယ်ရေးကြိုးများနှင့် အသုံးမပြုတော့ သော ကြိုးဟောင်းများကို ဇူလိုင်လ ၁၇ ရက် မွန်းလွဲပိုင်းက စတင်ရှင်းလင်းဖယ်ရှားနေကြောင်း သိရပါတယ်။ အဆိုပါလုပ်ငန်းခွင်သို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါက်တာမျိုးသော်နှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ ကြည့်ရှုစစ်ဆေးစဉ် လမ်းသွားလမ်းလာများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့်ကြိုးများစနစ်တကျ ရှိစေ ရေးအတွက် သက်ဆိုင်ရာဌာနများ၊ ဆက်သွယ်ရေးအော်ပရေတာများနှင့် ပူးပေါင်းလုပ်ဆောင်ရန်ဝန်ကြီးက တာဝန် ရှိသူများကို ပြောကြားခဲ့ပါတယ်။ (NVS 004)

17 Jul

ADVERTISE HERE .