YRTC က City Taxi ယာဥ်များစည်းကမ်းတကျရှိစေရေး Campaign တွင် စီးရေ ၂,၀၀၀ ခန့်ကို အသိပညာပေးမှုများ ပြုလုပ်ခဲ့
17 Jul
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော City Taxi ယာဉ်များ စည်းကမ်းတကျရှိစေရေး၊ သတ်မှတ်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများလိုက်နာစေရေးနှင့် YBS ယာဉ်ရပ်မှတ်တိုင်များ၊ မျဉ်းဝါကွက်၊ ဖြူနီ ကြားများတွင် ရပ်တန့်မှုရှိစေရေးအသိပညာပေးခြင်းကို ဇူလိုင်လ ၁၇ ရက်နံနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ်ရှိ စံပြ စျေးကားမှတ်တိုင်တွင်ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်ချက်အရ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)၊စင်းလုံးငှားဌာနနှင့်သက်ဆိုင်ရာ တာဝန်ရှိသူများပူးပေါင်း၍ “City Taxi ယာဉ်များ လိုက်နာရန် စည်းကမ်းချက်များပါဝင်သည့် Pamphlet ဝေငှခြင်း” City Taxi Campaign ကိုပြုလုပ်ခဲ့ကြကြောင်း သိရပါတယ်။ Campaign ပြုလုပ်နေစဉ်အတွင်း City Taxi ၂,၀၀၀ စီးခန့်ကို ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း စနစ်တကျ လိုက်နာစေရေး အသိပညာပေးခြင်း၊ လိုက်နာရန်စည်းကမ်းချက်များပါဝင်သော Pamphlet ဝေငှခြင်း၊ သတ်မှတ် ချက်နှင့်မကိုက်ညီသည့်ကြော်ငြာများကပ်ထားသည့် City Taxi ယာဉ်များအား ချက်ချင်းခွာစေခြင်း၊ City Taxi ဆိုင်းဘုတ် မှိန်/ပျက်/မပါ နေခြင်းများ၊ ဘေးစတစ်ကာအဝါများ မှေးမှိန်/မပါနေခြင်းများကို ပြုပြင်ရန် မှာကြားခြင်း များကို ပြုလုပ်ခဲ့ကြကြောင်း သိရပါတယ်။ (NVS 004)