“ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အာဂျင်တီးနားထက် ပိုမိုရေပန်းစားနေတဲ့ စပိန်အသင်း”

17 Jul

ဇူလိုင်လ ၁၉ ရက်မှာ ကစားမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲမှာ ချန်ပီယံဆုအတွက် စပိန်အသင်းက အာဂျင်တီးနားအသင်းထက် ပိုမိုရေပန်းစားနေပါတယ်။ ချန်ပီယံအလေးပေးချက်မှာ စပိန်အသင်းကို ၈း၁၃ လေးပေးထားပြီး အာဂျင်တီးနားအသင်းက ၅း၄ လေးသာ ရှိနေပါတယ်။ တစ်ဦးချင်းဆုတွေအတွက် ရေပန်းစားမှုမှာတော့ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီ က ထိပ်ဆုံးက ဦးဆောင်နေပါတယ်။ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုအတွက် မက်ဆီ က ထိပ်ဆုံးမှာရောက်ရှိလာပြီး အမ်ဘာပေ၊ ဟာရီကိန်းနှင့် ဘယ်လင်ဂမ် တို့က အသီးသီးရှိနေပါတယ်။ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးကစားသမား ရွှေဘောလုံးဆုအတွက် မက်ဆီက အပြတ်အသတ် ဦးဆောင် နေပါတယ်။ (NVS 008)

17 Jul

ADVERTISE HERE .