“အာရှခြေစစ်ပွဲမှာ ဟောင်ကောင်၊ ဂူအမ်အသင်းတို့နဲ့ တစ်အုပ်စုတည်းကျရောက်နေတဲ့ မြန်မာအမျိုးသမီးအသင်း”

17 Jul

မြန်မာ ယူ- ၁၇ အမျိုးသမီးအသင်းဟာ ၂၀၂၇ အာရှဖလားယူ- ၁၇ အမျိုးသမီးပြိုင်ပွဲ ခြေစစ်ပွဲမှာ ဟောင်ကောင်၊ ဂူအမ်အသင်းတို့နဲ့အတူ အုပ်စု (G) အတွင်း ကျရောက်နေပါတယ်။ မြန်မာယူ- ၁၇ အမျိုးသမီးအသင်းဟာ ခြေစစ်ပွဲအုပ်စုပွဲတွေကို အိမ်ရှင်အဖြစ် ရန်ကုန်မြို့မှာ လာမယ့် အောက်တိုဘာလ ၅ ရက်ကနေ ၁၁ ရက်အထိ လက်ခံကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ မြန်မာအမျိုးသမီးအသင်းဟာ အုပ်စုအနေအထားအရ ခြေစစ်ပွဲအောင်ဖို့ အခြေအနေကောင်းနေလျက် ရှိပါတယ်။ ခြေစစ်ပွဲကို အသင်းပေါင်း ၃၀ သင်း ဝင်ရောက်ယှဥ်ပြိုင်ကြမှာဖြစ်ပြီး အုပ်စု ၈ ခုခွဲကာ ကျင်းပမှာ ဖြစ်ပါတယ်။ အုပ်စု ၈ ခုက ထိပ်ဆုံးရပ်တည်မှုရ အသင်း ၈ သင်းသာ ခြေစစ်ပွဲအောင်မှာဖြစ်ပါတယ်။ ခြေစစ်ပွဲအောင် အသင်း ၈ သင်းဟာ ၂၀၂၇ အာရှဖလား ယူ- ၁၇ အမျိုးသမီးပြိုင်ပွဲ တိုက်ရိုက်ကစားခွင့်ရ အသင်း ၄ သင်းဖြစ်တဲ့ မြောက်ကိုရီးယား၊ ဂျပန်၊ တရုတ်၊ သြစတြေးလျအသင်းတို့နဲ့အတူ ဆက်လက်ယှဥ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ၂၀၂၇ အာရှဖလား ယူ- ၁၇ အမျိုးသမီးပြိုင်ပွဲကို တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လာမယ့် ၂၀၂၇ ခုနှစ် မတ်လ ၃၁ ရက်ကနေ ဧပြီလ ၁၇ ရက်အထိ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ (NVS 008)

17 Jul

ADVERTISE HERE .