“အာဂျင်တီးနားကစားသမား ဘာကိုအား နားရင်းအုပ်ခဲ့တာကြောင့် အရေးယူခံရဖွယ်ရှိတဲ့ ဘယ်လင်ဂမ်”

17 Jul

အင်္ဂလန်ကွင်းလယ်တိုက်စစ်ကစားသမား ဘယ်လင်ဂမ် ဟာ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲအပြီး အာဂျင်တီးနားအသင်းကစားသမား ဘာကို ကို နားရင်းအုပ်ခဲ့လို့ အရေးယူခံရဖွယ်ရှိနေပါတယ်။ အရန်ခုံသာထိုင်နေခဲ့ရတဲ့ ဘာကို ဟာ ပွဲအပြီးမှာ ကွင်းအတွင်းဝင်ရောက်ရှိလာပြီး ဘယ်လင်ဂမ် အနားမှာ အာဂျင်တီးနားအသင်းဖော်တွေနဲ့ အောင်ပွဲခံပွေ့ဖက်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ဘယ်လင်ဂမ် က ဘာကို ရဲ့အနားကို ရောက်လာချိန်မှာ ဦးခေါင်းအနောက်ဘက်ကို လက်ဝါးနဲ့ ရိုက်ခဲ့တာဖြစ်ပါတယ်။ ဘာကို ဟာ အာဂျင်တီးနားအသင်း ၈၅ မိနစ်မှာ ချေပဂိုး ပြန်သွင်းလိုက်ချိန် အင်္ဂလန်ကစားသမားတွေရှေ့မှာ အောင်ပွဲခံခဲ့ပါသေးတယ်။ ရုပ်သံဝေဖန်သူ ပေါလ်ရော်ဘင်ဆင် ကတော့ ဘာကို ရဲ့အပြုအမူဟာ အားကစားသမား မပီသဘူးလို့ ဝေဖန်ခဲ့ပါတယ်။ ဘယ်လင်ဂမ် အနေနဲ့လည်း အခုအဖြစ်အပျက်အတွက် ဖီဖာစည်းကမ်းထိန်းသိမ်းရေး ကော်မတီရဲ့ အရေးယူမှု ခံရယူနိုင်ဖွယ်ရှိပါတယ်။ ပြစ်မှုထင်ရှားပါက ဇူလိုင်လ ၁၈ ရက်မှာကစားမယ့် ပြင်သစ်အသင်းနဲ့ တတိယ နေရာလုပွဲကို လွဲချော်ရနိုင်ခြေ ရှိပါတယ်။ (NVS 008)

17 Jul

ADVERTISE HERE .