“ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အက်သလက်တီကိုအသင်းရဲ့ကစားသမား အများဆုံးပါဝင်”

17 Jul

အက်သလက်တီကိုမက်ဒရစ်အသင်းက ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် ဗိုလ်လုပွဲတစ်ပွဲမှာ ကစားသမားပါဝင်မှု အများဆုံးကလပ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဇူလိုင်လ ၁၉ ရက်မှာ ဗိုလ်လုပွဲဆင်နွှဲမယ့် စပိန်နဲ့ အာဂျင်တီးနားအသင်းမှာ အက်သလက်တီကို ကစားသမား အရေအတွက်က နှစ်သင်းပေါင်း ၁၀ ဦးအထိ ပါဝင်နေပါတယ်။ စပိန်အသင်းမှာ မားကို့စ်လော်ရန်တေး၊ ဘေနာ၊ ပူဘေးလ်နဲ့ ဂရီမယ်လ်ဒို၊ အာဂျင်တီးနားအသင်းမှာ မူဆို၊ မိုလီနာ၊ အယ်လ်ဗာရက်ဇ်၊ ဆီမြွန်နီ၊ အယ်လ်မားဒါးနဲ့ နီကိုဂွန်ဇာလက်ဇ်တို့ ပါဝင်နေတာဖြစ်ပါတယ်။ အက်သလက်တီကိုအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲ သုံးကြိမ်ဆက် ကစားသမားပါဝင်မှု အများဆုံးကလပ်အဖြစ် ရပ်တည်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာ အက်သလက်တီကိုကစားသမား လေးဦးစီ ပါဝင်ခဲ့ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားမှာ ဂရီးဇ်မန်း၊ လူးကပ်စ်ဟာနန်ဒက်ဇ်၊ လူမာနဲ့ ဗာဆယ်လ်ကို၊ ၂၀၂၂ ကမ္ဘာ့ဖလားမှာ ဂရီးဇ်မန်း၊ ကော်ရီယာ၊ မိုလီနာနဲ့ ဒီပေါလ်တို့ ကစားခဲ့တာဖြစ်ပါတယ်။ (NVS 008)

17 Jul

ADVERTISE HERE .