“သီပေါမြို့ရှိ ကွန်ကရစ်ဇလီဖားစက်ရုံ ပြန်လည်လည်ပတ်”

17 Jul

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့ရှိ ကွန်ကရစ်ဇလီဖားစက်ရုံ ပြန်လည်လည်ပတ်ခြင်းကို ဇူလိုင်လ ၁၅ ရက်က စတင်နိုင်ခဲ့ကြောင်း သိရပါတယ်။ မန္တလေး-လားရှိုးရထားလမ်းပိုင်း အဆင့်မြှင့်တင်ပြုပြင်ထိန်းသိမ်းရာမှာ လိုအပ်လျက်ရှိတဲ့ ကွန်ကရစ် ဇလီဖားများကို မန္တလေး-လားရှိုးရထား လမ်းပိုင်းမှာ အသုံးပြု၍ ပြန်လည်ပြေးဆွဲနိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းလည်း သိရပါတယ်။ စက်ရုံပြန်လည်ဖွင့်လှစ်ခြင်းကို ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်၊ သီပေါမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ကျောက်မဲခရိုင်နှင့် သီပေါမြို့နယ်ရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ မန္တလေး-လားရှိုးရထားလမ်းမှာ ရထားများ ပြန်လည်ပြေးဆွဲလျှင် ဒေသခံပြည်သူများ အဆင်ပြေချောမွေ့စွာ ခရီးသွားလာနိုင်မည်ဖြစ်ပြီး ဒေသထွက်ကုန်ပစ္စည်း များကို ကုန်ကျစရိတ်သက်သာစွာဖြင့် များများနှင့်မြန်မြန် သယ်ယူပို့ဆောင်နိုင်တော့မည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

17 Jul

ADVERTISE HERE .