“တရုတ်နိုင်ငံ၏ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုဆိုင်ရာ လက်လီရောင်းအားမှာ ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း ၂ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်”

16 Jul

တရုတ်နိုင်ငံ သုံးစွဲမှုအင်အား၏ အဓိကညွှန်းကိန်းဖြစ်သော နိုင်ငံ၏ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုဆိုင်ရာ လက်လီရောင်းအား စုစုပေါင်းက ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း ယခင်နှစ်ကာလတူကထက် ၂ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ဇူလိုင်လ ၁၅ ရက်၌ထုတ်ပြန်သော တရားဝင်အချက်အလက်များ၌ ဖော်ပြထားသည်။ အဆိုပါကာလအတွင်း ဝန်ဆောင်မှုလက်လီရောင်းအားမှာ ယခင်နှစ်ကာလတူကထက် ၅ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်လာပြီး ကုန်ပစ္စည်းလက်လီရောင်းအားကမူ ၁ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း အမျိုးသား စာရင်းအင်းဗျူရို(NBS)မှ ထုတ်ပြန်သည့် အချက်အလက်များအရသိရသည်။ ဝန်ဆောင်မှုဆိုင်ရာ သုံးစွဲမှုအနေဖြင့်မူ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်ဝန်ဆောင်မှုများ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ဆွေးနွေးတိုင်ပင်ရေးနှင့် အငှားဝန်ဆောင်မှုလုပ်ငန်းများ၊ ယဉ်ကျေးမှုဆိုင်ရာ၊ အားကစားနှင့် အပန်းဖြေဝန်ဆောင်မှုများ စသည့် ကဏ္ဍအမျိုးအစားများအနေဖြင့်လည်း တိုးတက်မှုမြန်ဆန်မှုရှိခဲ့ကြောင်း NBS အချက်အလက်များက ဖော်ပြထားသည်။ ယခုနှစ် ပထမနှစ်ဝက်တွင် ရုပ်ပိုင်းဆိုင်ရာ သုံးစွဲသူကုန်ပစ္စည်းရောင်းချရမှုနှင့် အစားအသောက်ဝန်ဆောင်မှု များမှရရှိသည့် ဝင်ငွေအပါအဝင် သုံးစွဲသူကုန်ပစ္စည်းများ၏ လက်လီရောင်းအား စုစုပေါင်းအနေဖြင့် ယွမ် ၂၄ ဒသမ ၈၇ ထရီလီယံ(အမေရိကန်ဒေါ်လာ ၃ ဒသမ ၆၆ ထရီလီယံခန့်)သို့ ရောက်ရှိခဲ့ပြီး ယခင်နှစ်ကာလတူကထက် ၁ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်လာကြောင်း အချက်အလက်များက ဖော်ပြထားသည်။ မြို့ပြဧရိယာများတွင် သုံးစွဲသူကုန်ပစ္စည်း လက်လီရောင်းအားမှာ ၁ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်လာပြီး ကျေးလက်ဒေသများ၌ သုံးစွဲသူကုန်ပစ္စည်း လက်လီရောင်းအားအနေဖြင့်မူ ၂ ဒသမ ၅ ရာခိုင်နှုန်း တိုးလာကြောင်း သိရသည်။

16 Jul

ADVERTISE HERE .