“တရုတ်နိုင်ငံ၏ စက်မှုလုပ်ငန်းကုန်ထုတ်လုပ်မှု ပထမနှစ်ဝက်အတွင်း ၅ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်လာ”

16 Jul

တရုတ်နိုင်ငံ၏ တန်ဖိုးမြှင့်စက်မှုလုပ်ငန်း ကုန်ထုတ်လုပ်မှုပမာဏသည် ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်(H1) အတွင်း ခိုင်မာသောနှုန်းဖြင့် တိုးတက်လာပြီး စက်ပစ္စည်းကိရိယာကုန်ထုတ်လုပ်မှုနှင့် နည်းပညာမြင့်ကုန်ထုတ်လုပ်မှု အနေဖြင့်လည်း အားကောင်းစွာတိုးတက်လာကြကြောင်း ဇူလိုင်လ ၁၅ ရက်၌ ထုတ်ပြန်ခဲ့သည့် တရားဝင် အချက်အလက်များက ဖော်ပြထားသည်။ တရုတ်နိုင်ငံ၏ တန်ဖိုးမြှင့်စက်မှုလုပ်ငန်း ကုန်ထုတ်လုပ်မှုပမာဏအနေဖြင့် အဆိုပါကာလအတွင်း ယခင်နှစ် ကာလတူကထက် ၅ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်လာကြောင်း အမျိုးသားစာရင်းအင်းဗျူရိုမှ ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။ နှစ်စဉ် အဓိကစီးပွားရေးလုပ်ငန်းဝင်ငွေ ယွမ် သန်း ၂၀ ထက်မနည်း(အမေရိကန်ဒေါ်လာ ၂ ဒသမ ၉၅ သန်းခန့်) ရှိသည့် ကြီးမားသောလုပ်ငန်းများ၏ ဆောင်ရွက်မှုကိုတိုင်းတာရန် စက်မှုလုပ်ငန်းကုန်ထုတ်လုပ်မှုပမာဏအား အသုံးပြုခြင်းဖြစ်သည်။ ကဏ္ဍအလိုက်ကြည့်ပါက သတ္တုတွင်းကဏ္ဍ၏ တန်ဖိုးမြှင့်ကုန်ထုတ်လုပ်မှုပမာဏအနေဖြင့် ၃ ဒသမ ၆ ရာခိုင်နှုန်းတိုးလာပြီး ကုန်ထုတ်လုပ်ရေးကဏ္ဍ၌ ၅ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ လျှပ်စစ်၊ အပူ၊ ဓာတ်ငွေ့၊ ရေထုတ်လုပ်မှုနှင့် ထောက်ပံ့ရေးကဏ္ဍများ၏ တန်ဖိုးမြှင့်ကုန်ထုတ်လုပ်မှုပမာဏမှာလည်း ၅ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်လာကြောင်း အဆိုပါအချက်အလက်များက ဖော်ပြထားသည်။ (Repost from Xinhua Myanmar)

16 Jul

ADVERTISE HERE .