အမေရိကန်က အီရန်ကို ရေတပ်ပိတ်ဆို့မှုလုပ် ကမ္ဘာ့ရေနံဈေးနှုန်းများ ၉ ရာခိုင်နှုန်းကျော်မြင့်တက်လာ
15 Jul
အမေရိကန်က အီရန်ကို ရေတပ်ပိတ်ဆို့မှုများပြန်လည်လုပ်ဆောင် ကြောင်း သမ္မတဒေါ်နယ်ထရမ့်က ဇူလိုင်လ ၁၃ ရက်တွင် ကြေညာပြီး နောက်ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများမှာ ၉ ရာခိုင်နှုန်းကျော်အထိမြင့် ဩဂုတ်လ အတွက် WTI ရေနံစိမ်းဈေးနှုန်းမှာတစ်စည်လျှင် ၆ ဒသမ တက်လာကြောင်း သိရသည်။ နယူးယောက် ကုန်စည်ဒိုင် တွင် ၇၃ ဒေါ်လာ၊ ရာခိုင်နှုန်းအားဖြင့် ၉ ဒသမ ၄၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ၇၈ ဒသမ ၁၄ ဒေါ်လာဖြင့် ဈေးပိတ် ခဲ့ခြင်း ဖြစ်သည်။ ထို့အတူ လန်ဒန် ICE ကုန်စည်ဒိုင်ရှိ Brent ရေနံစိမ်းဈေးနှုန်းမှာလည်း ၉ ဒသမ ၅၉ ရာခိုင်နှုန်း ရှိကြာ ဈေးနှုန်းအားဖြင့် ၇ ဒသမ ၂၉ ဒေါ်လာအထိမြင့်တက်ကာ ရေနံစိမ်းတစ်စည်လျှင် ၈၃ ဒသမ ၃၀ ဒေါ်လာ ဖြစ်လာသည်။ ထရမ့်က ၎င်း၏လူမှုကွန်ရက်တွင် မိမိတို့က အီရန်အပေါ် ရေတပ်ပိတ်ဆို့မှုကို ပြန်လည်သက်ဝင်စေပြီး ယခုကဲ့သို့ပြုလုပ်ခြင်းသည် အီရန်သင်္ဘောများ သို့မဟုတ် သူတို့ရဲ့ဖောက်သည်များ ရေလမ်းကြောင်းအတွင်း အဝင် အထွက် မလုပ်နိုင်အောင်တားဆီးရန် ဖြစ်တယ်လို့ ရေးသားထားသည်။ ဇူလိုင်လ ၁၂ ရက်တွင်ရေလက်ကြားမှ ဖြတ်သန်းသည့် သင်္ဘော ၁၄ စင်း သာရှိကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။