“WBC International လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံခါးပတ်ကာကွယ်ပွဲစဉ်အဖြစ် ဟက်ဆို က ကက်မန်းနှင့် ထိုးသတ်မည်”

15 Jul

WBC International ဟဲဗီးဝိတ်တန်း ချန်ပီယံခါးပတ်ကာကွယ်ပွဲစဉ်အဖြစ် လက်ရှိချန်ပီယံ ဂျာမနီ လက်ဝှေ့သမား ဟက်ဆို က စိန်ခေါ်သူ တစ်နိုင်ငံတည်းသား ကက်မန်း နှင့် ဇူလိုင်လ ၁၇ ရက်တွင် ဂျာမနီနိုင်ငံ၌ ထိုးသတ်မည်ဖြစ်ကြောင်း Fight Mag သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဟက်ဆို က ရှုံးပွဲမရှိသေးတဲ့ လက်ဝှေ့သမားတစ်ဦးဖြစ်ပြီး စိန်ခေါ်သူ ကက်မန်း က ဝါရင့်လက်ဝှေ့သမား တစ်ဦးဖြစ်ပြီး စိန်ခေါ်ပွဲ ၃၂ ပွဲတွင် လေးပွဲသာ ရှုံးနိမ့်ထားတာဖြစ်ပါတယ်။ တစ်နိုင်ငံတည်းသားချင်း စိန်ခေါ် ထိုးသတ်မည့် ပွဲစဉ်ဖြစ်ပြီး အနိုင်ရရှိသူက WBC ကမ္ဘာ့လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံကို စိန်ခေါ်နိုင်မှာဖြစ်ပါတယ်။ ဟက်ဆို က ကစားသမားဘဝရဲ့ အကောင်းဆုံးအချိန်ကို ရောက်နေပြီလို ဘယ်လိုပြိုင်ဘက်မျိုးကိုမဆို စိန်ခေါ်ထိုးသတ်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။(NVS 008)

15 Jul

ADVERTISE HERE .