“အာရှ ယူ- ၁၇ အမျိုးသမီးဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲတွင် မြန်မာအမျိုးသမီးအသင်းပါဝင်သည့် အုပ်စုကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်”
15 Jul
အာရှ ယူ-၁၇ အမျိုးသမီးဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲအဆင့်တွင် မြန်မာအမျိုးသမီးအသင်းပါဝင်သည့် အုပ်စုကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ အာရှ ယူ-၁၇ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲအဆင့် အုပ်စုတစ်ခုချင်းစီတွင် အိမ်ရှင်နိုင်ငံတစ်နိုင်ငံစီက လက်ခံကျင်းပသွားမှာဖြစ်ပြီး မြန်မာအမျိုးသမီးအသင်းပါဝင်သည့် အုပ်စုကို ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းတွင် ကျင်းပသွားမှာဖြစ်ပါတယ်။ အာရှ ယူ-၁၇ အမျိုးသမီးဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲအဆင့် အုပ်စုပွဲစဉ်များကို လာမည့်အောက်တိုဘာလ ၅ ရက် မှ ၁၁ ရက်ထိ ကျင်းပသွားမည်ဖြစ်ပြီး ခြေစစ်ပွဲစဉ်များအပြီးတွင် နောက်ဆုံးအဆင့်ပြိုင်ပွဲကို လာမည့် ၂၀၂၇ ခုနှစ်တွင် တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာဖြစ်ပါတယ်။ လက်ရှိတွင် မြန်မာ ယူ- ၁၇ အမျိုးသမီးအသင်းကို နည်းပြအဖြစ် ဂျပန်လူမျိုးနည်းပြ တက်ဆူရို က တာဝန်ယူကိုင်တွယ်နေပြီး နိုင်ငံတကာပြိုင်ပွဲများအတွက် အတွေ့ အကြုံကောင်းများရရှိစေရန် မြန်မာအမျိုးသမီးလိဂ် ပြိုင်ပွဲတွင် Young Lionesses အမည်ဖြင့် ပါဝင်ကစားနေကြောင်း သိရပါတယ်။(NVS 008)