“အီဒါဆန် နှင့် မန်ယူအသင်း တို့ အပြောင်းအရွှေ့ ပျက်ပြယ်”
13 Jul
အတ္တလန်တာအသင်းက ဘရာဇီးလ်ကွင်းလယ်လူ အီဒါဆန် နှင့် မန်ယူအသင်းတို့ အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ တယ်လို့ သိရပါတယ်။ မန်ယူအသင်းဟာ အီဒါဆန် ကို ပေါင် ၃၅ သန်းနဲ့ ခေါ်ယူဖို့ ဇွန်လအစောပိုင်းမှာ သဘောတူညီမှု ရရှိခဲ့ပါတယ်။ မန်ယူအသင်းက အီဒါဆန် ရဲ့ ကြံ့ခိုင်မှုအခြေအနေနဲ့ပတ်သက်ပြီး သံသယရှိလို့ အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ပါတယ်။ မန်ယူအသင်းဟာ လက်ရှိမှာ ချဲလ်ဆီးအသင်းက ဘရာဇီးလ်ကွင်းလယ်လူ အန်ဒရေဆန်းတို့စ် ကို ပေါင် သန်း ၅၀ နဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိထားပါတယ်။ ဒါ့အပြင် နောက်ထပ်ကွင်းလယ်လူတစ်ဦးကို ပစ်မှတ်ထားနေပြီး တန်းဆင်း သွားတဲ့ ဝုလ်ဗ်အသင်းက ဘရာဇီးလ်ကွင်းလယ်လူ ဂျော်အိုဂိုးမက်စ်ကို ပစ်မှတ်ထားနေပါတယ်။ မန်ယူအသင်းအနေနဲ့ ဂျော်အိုဂိုးမက်စ်ကို လီဗာပူးလ်အသင်းနဲ့ အပြိုင်ကြိုးပမ်းရဖွယ် ရှိနေပါတယ်။ (NVS 008)
13 Jul