“ဥရောပအမျိုးသမီး ယူ-၁၉ ပြိုင်ပွဲမှာ ၁၀ ကြိမ်မြောက် ဗိုလ်စွဲခဲ့တဲ့ စပိန်အသင်း”
13 Jul
၂၀၂၆ ဥရောပ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ စပိန်အသင်းက ဂျာမနီအသင်းကို ၂ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရပြီး ၁၀ ကြိမ်မြောက် ဗိုလ်စွဲခဲ့ပါတယ်။ စပိန်အသင်းရဲ့ဂိုးတွေကို ဟူဂိုလိုပက်ဇ်၊ မာရီယိုရီဗက်စ်တို့က သွင်းယူခဲ့ပြီး ပြိုင်ပွဲ ငါးပွဲကစားရာ ငါးပွဲစလုံး အနိုင်ရခဲ့ပြီး ၁၉ ဂိုးသွင်းကာ ပေးဂိုးလုံးဝမရှိဘဲ နောက်ဆုံးသုံးနှစ်ဆက် ဗိုလ်လုပွဲတက်ရောက်ခဲ့ကာ ဒုတိယအကြိမ် မြောက် ချန်ပီယံဖြစ်ခဲ့ပါတယ်။ စပိန်၊ ဂျာမနီအသင်းတွေနဲ့အတူ ယူကရိန်း၊ ခရိုအေးရှားအသင်း တွေလည်း ဥဇဘက်ကစ္စတန်မှာကျင်းပမယ့် ၂၀၂၇ ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခွင့်ရရှိခဲ့ပါတယ်။ ဒါ့အပြင် ၂၀၂၆ ဥရောပ ယူ-၁၉ ချန်ပီယံရှစ်အမျိုးသမီးပြိုင်ပွဲမှာ စပိန်ယူ-၁၉ အမျိုးသမီးအသင်းက ဂျာမနီယူ-၁၉ အသင်းကိုပဲ ဗိုလ်လုပွဲမှာ နိုင်ရရှိခဲ့ပြီး ဗိုလ်စွဲခဲ့ပါတယ်။ (NVS 008)
13 Jul