“ပေါ်တူဂီအသင်းက နည်းပြ ဂျော့ချ်ဂျေးဇူး ကို နည်းပြသစ်အဖြစ်ခန့်အပ်”
12 Jul
ပေါ်တူဂီအသင်းက အသင်းနည်းပြသစ်အဖြစ် နည်းပြ ဂျော့ချ်ဂျေးဇူး ကို ခန့်အပ်ခဲ့ကြောင်း အတည်ပြု ထုတ်ပြန်ကြေညာခဲ့ပြီး လေးနှစ်သက်တမ်းစာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရပါတယ်။ နည်းပြ ဂျော့ချ်ဂျေးဇူး အနေနဲ့ နည်းပြဘဝတစ်လျှောက်တွင် ဘရာဂါ၊ ဘင်ဖီကာ၊ ဖလာမင်ဂို၊ စပို့တင်း လစ္စဘွန်း စသည့် ကလပ်အသင်းများအပြင် ကလပ်အသင်းများစွာကို ကိုင်တွယ်ခဲ့ပြီး အတွေ့အကြုံရှိသည့် နည်းပြတစ်ဦးဖြစ်ခြင်းကြောင့် ပေါ်တူဂီအသင်း က နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်ပါတယ်။ အသက် ၇၁ နှစ်အရွယ် နည်းပြ ဂျော့ချ်ဂျေးဇူး က ပေါ်တူဂီအသင်းနည်းပြအဖြစ် ခန့်အပ်ခြင်းခံရလို့ ဝမ်းသာမိကြောင်း၊ ကြီးကျယ်ခမ်းနားတဲ့ လက်ရွေးစင်အသင်းကို ကိုင်တွယ်ရလို့ စိတ်လှုပ်ရှားမိကြောင်းနဲ့ အသင်းကို အောင်မြင်မှုများစွာ ရယူပေးနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောခဲ့ပါတယ်။(NVS 008)
12 Jul