“ကမ္ဘာ့ဖလားပြိုင်ပွဲ ရှုံးထွက်အဆင့်၌ လူစားဝင်လာပြီး နှစ်ပွဲဆက်အနိုင်ဂိုးသွင်းယူနိုင်သည့် မိုရီနို”
12 Jul
စပိန်အသင်းကွင်းလယ် ကစားသမား မိုရီနို က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် စပိန်နှင့် ဘယ်လ်ဂျီယံအသင်းတို့ပွဲစဉ်တွင် လူစားဝင်ကစားခဲ့ပြီး အသင်းအတွက် အနိုင်ဂိုးသွင်းယူခဲ့ပြီးနောက် ရှုံးထွက်အဆင့်၌ လူစားဝင်လာပြီး နှစ်ပွဲဆက် အနိုင်ဂိုးသွင်းယူနိုင်သည့် ပထမဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း 365 Scores သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ မိုရီနို အနေနဲ့ စပိန်အသင်းက ဘယ်လ်ဂျီယံအသင်းကို နှစ်ဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲစဉ်၌ ပွဲချိန် ၈၆ မိနစ်တွင် လူစားလဲကာ ပါဝင်ကစားခဲ့ပြီးနောက် ပွဲချိန် ၈၈ မိနစ်၌ အသင်းအတွက် အနိုင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ထို့အတူ ပြီးခဲ့တဲ့ ၁၆ သင်း ရှုံးထွက်အဆင့်ပွဲစဉ်အဖြစ် စပိန်နှင့် ပေါ်တူဂီအသင်းတို့ ပွဲစဉ်တွင်လည်း ဂိုးမရှိသရေရလဒ် ထွက်ပေါ်နေချိန် ပွဲချိန် ၈၅ မိနစ်၌ လူစားဝင်ကာ ပါဝင်ကစားခဲ့ပြီးနောက် ပွဲချိန် မိနစ် ၉၀ ပြည့်ပြီး အချိန်ပို တစ်မိနစ်တွင် အသင်းအတွက် အနိုင်ဂိုးသွင်းယူခဲ့ပြီး စပိန်အသင်းက ပေါ်တူဂီအသင်းကို အနိုင်ရခဲ့ခြင်းဖြစ်ပါတယ်။ ဒါကြောင့် မီရီနို အနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ရှုံးထွက်အဆင့်ပွဲစဉ်များတွင် လူစားဝင်ကစားပြီး နှစ်ပွဲဆက် အနိုင်ဂိုးသွင်းယူနိုင်သည့် ပထမဆုံးကစားသမား ဖြစ်လာခဲ့ကြောင်း သိရပါတယ်။(NVS 008)