“ပူလီဆစ် ပေါင်ဒဏ်ရာကြောင့် ကာလအတန်ကြာ အနားယူရဖွယ်ရှိ”

12 Jul

အမေရိကန်လက်ရွေးစင်အသင်းနှင့် အေစီမီလန်အသင်း တောင်ပံကစားသမား ပူလီဆစ် အနေနဲ့ ပေါင်ဒဏ်ရာ ကြောင့် ကာလအတန်ကြာ အနားယူရဖွယ်ရှိကြောင်း သိရပါတယ်။ ပူလီဆစ် ဟာ ၂၀၂၆ ကမ္ဘာ့ဖလား ၁၆ သင်း ရှုံးထွက်အဆင့်ပွဲစဉ်အဖြစ် အမေရိကန်က ဘယ်လ်ဂျီယံအသင်းကို လေးဂိုး၊ တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပါတယ်။ တောင်ပံကစားသမား ပူလီဆစ် ဒဏ်ရာပြဿနာနှင့် ရင်ဆိုင်ခဲ့ရခြင်းကြောင့် အေစီမီလန်အသင်းအတွက် ထိုးနှက်ချက်တစ်ရပ်ဖြစ်လာခဲ့ပါတယ်။ အသက် ၂၇ နှစ်အရွယ် ပူလီဆစ် ဟာ အမေရိကန်အသင်းနှင့်အတူ ၂၀၁၆ မှ ၂၀၂၆ ခုနှစ်အတွင်း နိုင်ငံတကာပွဲပေါင်း ၉ဝ ကစားပြီး ၃၃ ဂိုးသွင်းယူထားနိုင်ခဲ့ကာ အေစီမီလန်အသင်းနှင့်လည်း ၂၀၂၃ မှ ၂၀၂၆ ခုနှစ် အတွင်း ပြိုင်ပွဲစုံ ၁၃၄ ပွဲကစားပြီး ၄၂ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။(NVS 008)

12 Jul

ADVERTISE HERE .