ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်သို့ ဇီရက်ဖ် တက်ရောက်
11 Jul
အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင် ကျင်းပနေတဲံ ဝင်ဘယ်ဒန် တင်းနစ်ပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့် ပွဲစဉ် တစ်ပွဲအဖြစ် ဂျာမနီတင်းနစ်ကစားသမား ဇီရက်ဖ်နှင့် အမေရိကန်တင်းနစ်ကစားသမား တေလာဖရစ်ဇ်တို့ ယှဉ်ပြိုင် ခဲ့ရာ ဇီရက်ဖ်က ၆-၄၊ ၆-၄၊ ၆-၂ နဲ့အနိုင်ရပြီး ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်ခဲ့ပါတယ်။ ဇီရက်ဖ်သည် ၂၀၂၆ ခုနှစ်အတွင်း ရလဒ်ဆိုးရွားပြီး ပုံစံကောင်း ပျောက်ဆုံးနေသော်လည်း ယခု ပြိုင်ပွဲတွင် အကောင်းဆုံးလက်စွမ်းမျိုးပြသ နေပြီး ကစားသမားဘဝ သက်တမ်းတစ်လျှောက် ဝင်ဘယ် ဒန်တင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ် အဆင့်ကို ပထမဆုံး အကြိမ် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ (NVS 008)
11 Jul