မြန်မာနေရှင်နယ်လိဂ် ယူ-၂၀ ပြိုင်ပွဲ ပွဲစဉ်(၈)ပွဲစဉ်များကို ဇူလိုင်လ ၁၀ ရက်မှ ၁၃ ရက်ထိ ဆက်လက် ကျင်းပသွားမည်
11 Jul
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ်ကော်မတီ က ကြီးမှူးကျင်းပနေသည့် မြန်မာနေရှင်နယ် လိဂ် ယူ-၂၀ ပြိုင်ပွဲ ပွဲစဉ် (၈)ပွဲစဉ်များကို ဇူလိုင်လ ၁၀ ရက် မှ ၁၃ ရက်ထိ ရန်ကုန်မြို့တွင် ဆက်လက် ကျင်းပ သွား မည်ဖြစ်ကြောင်း သိရပါတယ်။ မြန်မာနေရှင်နယ်လိဂ် ယူ-၂၀ ပြိုင်ပွဲ ပွဲစဉ်(၇)အပြီးတွင် ရန်ကုန်ယူနိုက်တက် အသင်းက ငါးပွဲနိုင်၊ နှစ်ပွဲသရေ၊ ရှုံးပွဲမရှိသေးဘဲ ဂိုး ကွာခြားချက်အသာ ရမှတ် ၁၇ မှတ်နဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှ ဦးဆောင်နေပြီး ရှမ်းယူနိုက်တက်အသင်းလည်း ရမှတ် ၁၇ မှတ်နဲ့ အဆင့်(၂)၊ ISPE အသင်းက ရမှတ် ၁၆ မှတ်ဖြင့် အဆင့်(၃) နေရာတွင် အသီးသီး ရပ်တည်နေပါတယ်။ မြန်မာနေရှင်နယ်လိဂ် ယူ-၂၀ ပြိုင်ပွဲ ပွဲစဉ်(၈) ပွဲစဉ်များအဖြစ် ဇူလိုင်လ ၁၀ ရက်မှာ ရန်ကုန်ယူနိုက်တက် အသင်းနဲ့ရှမ်းယူနိုက်တက်အသင်း၊ ချင်းလန်းအက်ဖ်စီအသင်းနဲ့ရန်ကုန်စီးတီးအသင်း၊ ရတနာပုံအက်ဖ်စီအသင်းနဲ့ ဟံသာဝတီယူနိုက်တက်အသင်း၊ ဇူလိုင်လ ၁၁ ရက်တွင် ဒဂုံစတားအသင်းနဲ့မြဝတီအက်ဖ်စီအသင်း၊ သစ္စာအားမာန် အသင်းနှင့်ဧရာဝတီယူနိုက်တက်အသင်းတို့ ကစားသွားမည်ဖြစ်ပါတယ်။ ဆက်လက်ပြီး ဇူလိုင်လ ၁၂ ရက်တွင် စစ်ကိုင်းယူနိုက်တက်အသင်းနှင့်ဂလက်ဆီအက်ဖ်စီအသင်း၊ ဇူလိုင်လ ၁၃ ရက်တွင် ISPE အသင်းနှင့်ဖယ်ကွန်အက်ဖ်စီ အသင်းတို့ ကစားသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)