၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ယာမယ်လ်အနေနဲ့ အကောင်းဆုံးခြေစွမ်းကို မပြသရသေးကြောင်း ဒယ်လာ ဖွန်တေ ပြောကြား
11 Jul
စပိန်လက်ရွေးစင်အသင်းနည်းပြ ဒယ်လာဖွန်တေက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တိုက်စစ်ကစားသမား ယာမယ်လ်အနေနဲ့ အကောင်းဆုံးခြေစွမ်းကို မပြသရသေးကြောင်း သုံးသပ်ပြောကြားခဲ့ပါတယ်။ စပိန်အသင်းရဲ့ ကြယ်ပွင့်ကစားသမားဖြစ်တဲ့ ယာမယ်လ်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မက်ဆီ၊ အမ်ဘာပေ၊ ဟာလန်းတို့နဲ့ အပြိုင် စောင့်ကြည့်ခံရတဲ့ ကစားသမားတစ်ဦးဖြစ်သလို၊ စပိန်အသင်း ကွာတားဖိုင်နယ်ရောက်ရှိအောင် ဦးဆောင် ကစားခဲ့တဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ ယာမယ်လ်က ပြီးခဲ့တဲ့ဘောလုံးရာသီအဆုံးသတ်ခါနီးမှာ ဒဏ်ရာပြဿနာနဲ့ရင်ဆိုင်ခဲ့ရတာကြောင့် ကမ္ဘာ့ ဖလားပြိုင်ပွဲမှာ ကြံ့ခိုင်မှုပြည့်ဝဖို့နဲ့ပွဲချိန်ပြည့်ကစားနိုင်ဖို့ ကြိုးစားနေရဆဲဖြစ်ကြောင်း ဒယ်လာဖွန်တေက ပြောကြား ခဲ့ပါတယ်။ ယာမယ်လ်က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တစ်ဂိုးသာသွင်းယူထားနိုင်ပေမဲ့ တစ်ပွဲထက် တစ်ပွဲ ပွဲကစားချိန် ပိုများလာပြီး ခြေစွမ်းပြလာနိုင်ကြောင်း တွေ့ရပါတယ်။ ယာမယ်လ်က ပေါ်တူဂီနဲ့ပွဲမှာ ပွဲချိန်ပြည့် ပါဝင်ကစားခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ယာမယ်လ်အနေနဲ့ အကောင်းဆုံးခြေစွမ်းပြနိုင်တဲ့ပွဲဖြစ်ကြောင်းလည်း ဒယ်လာဖွန်တေက ပြောကြားခဲ့ပါတယ်။ (NVS 008)