“သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)၏ (၁၉)ကြိမ်မြောက်မျက်စိအလှူတွင် မျက်စိဝေဒနာရှင်များ စာရင်းပေးသွင်း နိုင်”

10 Jul

သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)၏ (၁၉)ကြိမ်မြောက် မျက်စိအလှူအတွက် မျက်စိဝေဒနာရှင်များအနေနဲ့ ဇူလိုင်လ ၉ ရက်မှစတင်၍ စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း ကြေညာထားရှိပါတယ်။ လာရောက်ကုသလိုသူများအနေနဲ့ ဒဂုံမြို့သစ်(မြောက်ပိုင်း) ဘေလီတံတား၊ နာရီစင်မှတ်တိုင် ဦးဝိစာရလမ်း နှင့် ပင်လုံလမ်းဆုံ၊ သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)တွင် စတင်လက်ခံသွားမှာဖြစ်လို့ ကိုယ်တိုင် သို့မဟုတ် ကိုယ်စား ဖြင့် လာရောက်စာရင်းပေးသွင်းနိုင်မှာ ဖြစ်ပါတယ်။ သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)၏ (၁၈)ကြိမ်မြောက် မျက်စိအလင်းအလှူကို ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်မှ ၁၄ ရက်အထိ စမ်းသပ်စစ်ဆေးခြင်း၊ ခွဲစိတ်ကုသပေးခြင်းများ ပြုလုပ်ပေးခဲ့ရာ စမ်းသပ်စစ်ဆေးလူနာ ၁,၂၅၇ ဦး၊ ခွဲစိတ် ကုသလူနာ ၄၇၆ ဦးနှင့် လေဆာပစ်ကုသသူ ၄၅ ဦးတို့ကို ကုသပေးနိုင်ခဲ့ပါတယ်။ ယခု(၁၉)ကြိမ်မြောက်တွင် (၁၈)ကြိမ်မြောက်ကုသမှု၌ မျက်စိခွဲစိတ်ကုသမှု ခံယူထားကြသော မျက်စိဝေဒနာရှင် ၅၀၀ ကျော်ကို ဇူလိုင်လ ၁၀ ရက်တွင် တစ်လပြည့်အနေနဲ့ ဆရာဝန်ကြီးများက ထပ်မံ၍ပြန်လည်စစ်ဆေးပေးလျက်ရှိပါတယ်။ သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)၏ ပထမအကြိမ်မှ (၁၈)ကြိမ်မြောက်အထိ မျက်စိအလင်းအလှူ မျက်စိ ဝေဒနာရှင် စမ်းသပ်လူနာ ၂၂,၆၇၂ ဦး၊ ခွဲစိတ်ကုသလူနာ ၇,၀၄၅ ဦးနှင့် လေဆာပစ်ကုသသူ ၄၃၉ ဦးကို စစ်ဆေး ကုသပေးနိုင်ခဲ့ကြောင်း သိရပါတယ်။ (NVS-004)

10 Jul

ADVERTISE HERE .