“မန္တလေးတွင် အလုပ်အကိုင်ရှာဖွေနေသူများအတွက် DENKO JOB FAIR ကျင်းပမည်”
10 Jul
အလုပ်အကိုင်ရှာဖွေနေသူများနှင့် လုပ်ငန်းရှင်များကို တိုက်ရိုက်ချိတ်ဆက်ပေးနိုင်ရန် ရည်ရွယ်တဲ့ DENKO JOB FAIR ကို မန္တလေးမြို့၌ ၂ဝ၂၆ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှ သိရပါတယ်။ DENKO က စီစဉ်ကျင်းပမည့် အလုပ်အကိုင်ပြပွဲ (DENKO JOB FAIR)ကို ဇူလိုင်လ ၁၂ ရက်မှ ၁၄ ရက်အထိ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ Denko (၇၈)လမ်းဆိုင်ခွဲ (မန္တလေးမဟာအောင်မြေမြို့နယ် ခင်စောမူကွေ့)တွင် ကျင်းပသွားမှာဖြစ်ပါတယ်။ အဆိုပါ အလုပ်အကိုင်ပြပွဲတွင် အလုပ်အကိုင်ရှာဖွေနေသူများအတွက် အလုပ်လျှောက်ထားနိုင်သည့် အခွင့်အလမ်းများ၊ ကုမ္ပဏီနှင့်တိုက်ရိုက် တွေ့ဆုံဆွေးနွေးနိုင်မည့် အစီအစဉ်များကို စီစဉ်ထားလျက်ရှိပါတယ်။ အလုပ် လျှောက်ထားလိုသူများအနေနဲ့ လိုအပ်သော ကိုယ်ရေးအကျဉ်း(CV)နှင့် သက်ဆိုင်ရာ အထောက်အထားများကို ယူဆောင်လာရန်လည်း အသိပေးထားပြီး DENKO JOB FAIR သည် မန္တလေးဒေသရှိ အလုပ် အကိုင်ရှာဖွေ နေသူများနှင့် လုပ်သားလိုအပ်နေသည့် လုပ်ငန်းရှင်များအကြား ချိတ်ဆက်ပေးနိုင်ရန်ရည်ရွယ်ကာ ကျင်းပသည့် အလုပ်အကိုင်ပြပွဲတစ်ခုဖြစ်ကြောင်း သိရပါတယ်။ (NVS-004)