“ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ မြန်မာဝင်ယှဉ်ပြိုင်မည်”
10 Jul
(၃၉) ကြိမ်မြောက် ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲကို မြန်မာအမျိုးသား၊ အမျိုးသမီးပိုက်ကျော်ခြင်း အသင်းများ ဝင်ရောက်ယှဥ်ပြိုင်သွားမှာဖြစ်ကြောင်း သိရပါတယ်။ (၃၉) ကြိမ်မြောက် ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲကို သြဂုတ်လ ၃ ရက်ကနေ ၁၁ ရက်အထိ ဘန်ကောက်မြို့ရှိ Fashion Island Terminal 21 မှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ ပြိုင်ပွဲမှာ အမျိုးအစား ၆ မျိုး ပါဝင်မှာဖြစ်ပြီး မြန်မာအမျိုးသားပိုက်ကျော်ခြင်းအသင်းက အမျိုးအစား ၄ မျိုး၊ မြန်မာအမျိုးသမီးပိုက်ကျော်ခြင်း အသင်းက အမျိုးအစား ၃ မျိုးတို့မှာ ဝင်ရောက်ယှဥ်ပြိုင်မှာဖြစ်ပါတယ်။ မြန်မာအမျိုးသားပိုက်ကျော်ခြင်းအသင်းက အသင်းလိုက်၊ သုံးယောက်တွဲ၊ နှစ်ယောက်တွဲ၊ ကွင်းသွင်းခြင်းခတ်၊ မြန်မာအမျိုးသမီးပိုက်ကျော်ခြင်းအသင်းက လေးယောက်တွဲ၊ နှစ်ယောက်တွဲနဲ့ ကွင်းသွင်းခြင်းခတ်အမျိုးအစားတွေမှာ ဝင်ရောက်ယှဥ်ပြိုင်သွားမှာဖြစ်ကြောင်း သိရပါတယ်။ မြန်မာပိုက်ကျော်ခြင်းအားကစားအဖွဲ့ဟာ ထိုင်းဘုရင့်ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲကို နှစ်စဥ်ဝင်ရောက် ယှဥ်ပြိုင်လျက်ရှိကြောင်းနဲ့ လာမယ့်အာရှအားကစားပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်သွားမှာဖြစ်ကြောင်း သိရပါတယ်။ (NVS 008)