“ပြင်သစ်အသင်းအတွက် ဂိုးပါဝင်ပတ်သက်မှု ဂိုး ၁၀၀ ပြည့်မြောက်ခဲ့တဲ့ အမ်ဘာပေ”
10 Jul
ပြင်သစ်အသင်းခေါင်းဆောင် အမ်ဘာပေ က နိုင်ငံလက်ရွေးစင်အသင်းနဲ့အတူ ဂိုးပါဝင်ပတ်သက်မှုအနေနဲ့ သွင်းဂိုးနဲ့ဂိုးဖန်တီးမှုနှစ်ရပ်ပေါင်းမှာ ဂိုး ၁၀၀ ပြည့်မြောက်ခဲ့ပါတယ်။ ပြင်သစ်အသင်းသမိုင်းမှာ ယခုမှတ်တမ်းကိုရရှိတဲ့ ပထမဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့တယ်။ အမ်ဘာပေ ဟာ မော်ရိုကိုအသင်းနဲ့ပွဲစဉ်မှာ တစ်ဂိုးသွင်းယူပြီး တစ်ဂိုးဖန်တီးပေးကာ အခုမှတ်တိုင်ကို စိုက်ထူ နိုင်ခဲ့တယ်။ အမ်ဘာပေ ဟာ ပြင်သစ်အသင်းအတွက် ၁၀၄ ပွဲကစားရာမှာ ၆၄ ဂိုးသွင်းပြီး ၃၆ ဂိုးဖန်တီးပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုကမ္ဘာ့ဖလားမှာ ၈ ဂိုးသွင်းယူထားတဲ့ အမ်ဘာပေ ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ နှစ်ကြိမ်ဆက် ဂိုးပါဝင် ပတ်သက်မှု ၁၀ ဂိုးစီရှိတဲ့ ပထမဆုံးကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ကမ္ဘာ့ဖလားပြိုင်ပွဲရှစ်ပွဲမှာ အနိုင်ဂိုးသွင်း နိုင်ခဲ့တဲ့ ပြိုင်ပွဲသမိုင်းမှာ ပွဲအများဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ (NVS 008)