“World MMA Awards မှာ ဆုနှစ်ဆုရရှိခဲ့တဲ့ ဂျိုရှုအာဗန်”
10 Jul
(၁၇) ကြိမ်မြောက် World MMA Awards ပွဲကို ဇူလိုင်လ ၉ ရက်မှာကျင်းပခဲ့ပြီး ချင်းတိုင်းရင်းသား မြန်မာဖိုက်တာ ဂျိုရှုအာဗန် က ဆုနှစ်ဆုကို ရရှိခဲ့ကြောင်း သိရပါတယ်။ Fighters Only Magazine က ဦးဆောင်ကျင်းပတဲ့ (၁၇) ကြိမ်မြောက် World MMA Awards ကို အမေရိကန်နိုင်ငံ၊ လပ်စ်ဗီးကပ်စ်မြို့ရှိ ဆာဟာရပြဇတ်ရုံမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ Fighters Only Magazine ဟာ (၁၇) ကြိမ်မြောက် World MMA Awards ကို ၂၀၂၄ ခုနှစ် ဇူလိုင်လမှ ၂၀၂၅ ခုနှစ် ဇွန်လအတွင်း အကြုံးဝင်တဲ့ ကမ္ဘာ့ပရိုမိုးရှင်းများက ကျင်းပခဲ့တဲ့ MMA ပွဲပေါင်းများစွာထဲက ရွေးချယ်ချီးမြှင့်ခြင်းဖြစ်ကြောင်း သိရပါတယ်။ Fighters Only Magazine က ဦးဆောင်ကျင်းပတဲ့ World MMA Awards ဟာ ကမ္ဘာ့ MMA လောကမှာ ဂုဏ်သိက္ခာအကြီးမားဆုံး ဆုပေးပွဲဖြစ်ပါတယ်။ ချင်းတိုင်းရင်းသား မြန်မာဖိုက်တာ ဂျိုရှုအာဗန် ဟာ ယင်းဆုပေးပွဲမှာ Fight Of The Year (တစ်နှစ်တာအတွင်း အကောင်းဆုံးတွဲဆိုင်းဆု)ဆုနဲ့ Breakthrough Fighter Of The Year (အတိုးတက်ဆုံး ဖိုက်တာဆု) ဆုနှစ်ဆုစလုံး ရရှိခဲ့ပါတယ်။ Fighters Only Magazine က ကျင်းပတဲ့ World MMA Awards မှာ မြန်မာဖိုက်တာ အောင်လအန်ဆန် က ၂၀၁၈ ခုနှစ်အတွင်းက International Fighter Of The Year ဆုကို ရရှိခဲ့ဖူးပါတယ်။ (NVS 008)