“ချဲလ်ဆီးအသင်းကစားသမား ဆန်းတို့စ် ကိုခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့တဲ့ မန်ယူအသင်း”
10 Jul
မန်ယူအသင်းဟာ ချဲလ်ဆီးအသင်းက ဘရာဇီးလ်ကွင်းလယ်လူ အန်ဒရေဆန်းတို့စ် ကို ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်ကုန်လောက်က မန်ယူအသင်း စတင်စိတ်ဝင်စားလာပြီးနောက် အပြောင်းအရွှေ့က အလျင်အမြန်ပဲ ဖြစ်မြောက်လာခဲ့ပါတယ်။ မန်ယူအသင်းအနေနဲ့ အန်ဒရေဆန်းတို့စ် ရဲ့ပြောင်းရွှေ့ကြေးအတွက် ပေါင် သန်း ၅၀ ခန့် ကုန်ကျဖွယ်ရှိနေပါတယ်။ မန်ယူအသင်းဟာ ကနဦးပြောင်းရွှေ့ကြေး ပေါင် ၄၈ သန်း ပေးချေရမှာဖြစ်ပြီး အပိုဆုကြေးက ပေါင်နှစ်သန်းခန့် ဖြစ်နိုင်ပါတယ်။ ချဲလ်ဆီးအသင်းအနေနဲ့ ဆန်းတို့စ် ရဲ့ အနာဂတ်အပြောင်းအရွှေ့ ကနေ ၁၀ ရာခိုင်နှုန်း ခံစားခွင့်ရှိတဲ့အချက်လည်း ပါဝင်ပါတယ်။ ဆန်းတို့စ် ဟာ ချဲလ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ ၄၇ ပွဲ ကစားကာ သုံးဂိုး သွင်းယူပေးခဲ့ပါတယ်။ (NVS 008)
10 Jul