“ချဲလ်ဆီးအသင်းနည်းပြဟောင်း ရိုစီနီယာ က ပါရီFCအသင်းနည်းပြအဖြစ် ခန့်အပ်ခံရ”

09 Jul

ချဲလ်ဆီးအသင်းနည်းပြဟောင်း ရိုစီနီယာ ဟာ ပြင်သစ်ကလပ် ပါရီFCအသင်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ ရပါတယ်။ ရိုစီနီယာ ဟာ ပါရီFCအသင်းနဲ့ နှစ်နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး တစ်နှစ်သက်တမ်းတိုးခွင့်လည်း ထည့်သွင်း ထားတယ်လို့ သိရပါတယ်။ ပါရီFCအသင်းဟာ ပြီးခဲ့တဲ့ရာသီက တန်းတက်ကလပ်ဖြစ်ပေမယ့် အမှတ်ပေးဇယား အဆင့် ၁၁ နေရာမှာ ရပ်တည်ခဲ့ပါတယ်။ ပါရီFCအသင်းကို ပြီးခဲ့တဲ့ဖေဖော်ဝါရီလကမှ ကိုင်တွယ်ခဲ့တဲ့ နည်းပြ ကွန်ဘူအာရေးဟာ ရာထူးကနေ နုတ်ထွက်သွားလို့ ရိုစီနီယာ နဲ့ အစားထိုးခဲ့တာ ဖြစ်ပါတယ်။ ရိုစီနီယာ ဟာ ချဲလ်ဆီးအသင်းကို မကိုင်တွယ်ခင် စထရာဘိုးအသင်းနည်းပြအဖြစ် ဆောင်ရွက်ခဲ့ဖူးပြီး အောင်မြင်မှုလည်း ရရှိခဲ့ ပါတယ်။ ချဲလ်ဆီးအသင်းမှာတော့ လေးလနီးပါးသာ ကြာမြင့်ခဲ့ပြီး ပြီးခဲ့တဲ့ဧပြီလက ရာထူးကနေ ထုတ်ပယ် ခံခဲ့ရပါတယ်။ (NVS 008)

09 Jul

ADVERTISE HERE .