“ချူယာမန်နီ အတွက် ပေါင် ၈၅ သန်းပေးဖို့ အသင့်ရှိနေတဲ့ မန်ယူအသင်း”

09 Jul

မန်ယူအသင်းဟာ ရီးရဲလ်အသင်းက ပြင်သစ်ကွင်းလယ်ခံစစ်ကစားသမား ချူယာမန်နီ ကို ပေါင် ၈၅ သန်း ပေးပြီးခေါ်ယူဖို့ အသင့်ရှိနေကြောင်း သတင်းများထွက်ပေါ်လာခဲ့ပါတယ်။ မန်ယူအသင်းဟာ ကွင်းလယ်ကို အားဖြည့်ဖို့ စီစဉ်နေရာမှာ လျာထားစာရင်းထဲပါဝင်တဲ့ မားတီးယပ်စ်ဖာနန်ဒက်စ်နဲ့ တိုနာလီ တို့ စပါးအသင်းကို ရောက်ရှိသွားခဲ့ပြီဖြစ်တာကြောင့် ချူယာမန်နီ ကို ပစ်မှတ်ထားလာခြင်းဖြစ်ကြောင်း သိရပါတယ်။ ရီးရဲလ်အသင်းကသာ ချူယာမန်နီ ကို ဒီနွေမှာ ရောင်းထုတ်ဖို့ ဆုံးဖြတ်မယ်ဆိုရင် မန်ယူအသင်းက ပေါင် ၈၅ သန်းနဲ့ ကမ်းလှမ်းဖို့ အသင့်ရှိနေခြင်းဖြစ်ကြောင်း သိရပါတယ်။ ရီးရဲလ်အသင်းက ချူယာမန်နီ ကို ၂၀၂၂ နွေရာသီမှာ ပေါင်သန်း ၇၀ ဝန်းကျင်နဲ့ ခေါ်ယူထားခြင်းဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာ အသင်းဖော် ဗယ်လ်ဗာဒီနဲ့ ခိုက်ရန်ဖြစ်ပွားခဲ့တာ ကြောင့် ရောင်းထုတ်ဖွယ်ရှိကြောင်း ထင်ကြေးပေးမှုတွေ ရှိနေပါတယ်။ ဒါကြောင့် မန်ယူအသင်းက ခေါ်ယူဖို့ ချိန်ရွယ် နေတာဖြစ်ပြီး ချူယာမန်နီ ကိုလည်း ၅ နှစ်စာချုပ်ချုပ်ဆိုမယ်လို့ ကမ်းလှမ်းထားကြောင်း သိရပါတယ်။ ချူယာမန်နီ က မန်ယူအသင်းမှာ တစ်ပတ်လုပ်ခ ပေါင် ၃ သိန်းကျော်ရရှိဖို့ လိုလားနေကြောင်း သတင်းများထွက်ပေါ်နေပါတယ်။ (NVS 008)

09 Jul

ADVERTISE HERE .