“ကွင်းလယ်လူ မေဆင်မောင့် အား ရောင်းချရန်အစီအစဉ်မရှိကြောင်း မန်ယူအသင်း အတည်ပြုထုတ်ပြန်”
08 Jul
မန်ယူအသင်းက ကွင်းလယ်ကစားသမား မေဆင်မောင့် အား ရောင်းချရန်အစီအစဉ်မရှိဘဲ ကမ်းလှမ်းမှု အားလုံးကို ပယ်ချမည်ဖြစ်ကြောင်း အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။ အသက် ၂၇ နှစ်အရွယ် မေဆင်မောင့် ဟာ ၂၀၂၃ ခုနှစ် နွေရာသီကစားသမား အပြောင်းအရွှေ့ကာလက ချယ်လ်ဆီးအသင်းမှ ပြောင်းရွှေ့ကြေးစတာလင်ပေါင် သန်း ၆ဝ ဖြင့် မန်ယူအသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူ ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်း၌ ဒဏ်ရာပြဿနာများနှင့် ရုန်းကန်ခဲ့ရသလို မန်ယူအသင်းတွင်လည်း ဒဏ်ရာကြောင့် မကြာခဏ အနားယူနေရတာကြောင့် အစောပိုင်းက လက်ရှိအပြောင်းအရွှေ့ကာလတွင် ရောင်းချမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ယခုအခါ မန်ယူအသင်းက မေဆင်မောင့် ရဲ့ အနာဂတ်နှင့်ပတ်သက်ပြီး ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါတယ်။ အေစီမီလန်အသင်း နည်းပြသစ်ဖြစ်လာတဲ့ မန်ယူအသင်းနည်းပြဟောင်း အမိုရင် က မေဆင်မောင့် ကို လက်ရှိ ကစားသမား အပြောင်းအရွှေ့ကာလတွင် ခေါ်ယူရန်ကြိုးပမ်းနေကြောင်း သတင်းများထွက်ပေါ်လာခဲ့လို့ မန်ယူအသင်း က မေဆင်မောင့် အား အသင်း၌သာ ဆက်လက်ထိန်းထားကာ ကမ်းလှမ်းမှုများကို ပယ်ချမည်ဟု အတည်ပြုထုတ်ပြန် ခဲ့ခြင်းဖြစ်ပါတယ်။(NVS 008)