“တူနီးရှားအသင်းနည်းပြ ရီနက် နည်းပြရာထူးမှ နုတ်ထွက်”

08 Jul

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် တူနီးရှားအသင်း နည်းပြ ရီနက် က အသင်းကို ၁၈ ရက်ကြာ တာဝန်ယူ ခဲ့ပြီးနောက် အသင်းနည်းပြရာထူးမှ ပြန်လည်နုတ်ထွက်ခဲ့ကြောင်း သိရပါတယ်။ တူနီးရှားအသင်းက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု(F)တွင် နယ်သာလန်၊ ဂျပန်၊ ဆွီဒင်အသင်းတို့နဲ့ တစ်အုပ်စုတည်းကျရောက်ခဲ့ပြီး အုပ်စုပွဲစဉ်များအဖြစ် ဘယ်လ်ဂျီယံအသင်းကို ၅ ဂိုး-ဂိုးမရှိ၊ ဆွီဒင်အသင်းကို ၅ ဂိုး-၁ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် နည်းပြအပြောင်းအလဲ ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အုပ်စု နှစ်ပွဲဆက် ရှုံးနိမ့်ပြီးနောက် နည်းပြ လာမူချီ ကို ရာထူးမှထုတ်ပယ်၍ နည်းပြသစ်အဖြစ် ရီနက် ကို ခန့်အပ်ခဲ့ပါတယ်။ ရီနက် က တူနီးရှားအသင်းနည်းပြသစ်အဖြစ် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ဂျပန်အသင်းနှင့်ပွဲစဉ်ကို တာဝန်ယူကိုင်တွယ်ခဲ့ရာ ၅ ဂိုး-၁ ဂိုးဖြင့်ရှုံးနိမ့်ပြီး အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရပြီးနောက် အသင်းနည်းပြရာထူးမှ ပြန်လည်နုတ်ထွက်ခဲ့ခြင်းဖြစ်ပါတယ်။(NVS 008)

08 Jul

ADVERTISE HERE .