“ဂါလာတာဆာရေးအသင်းက အာဆင်နယ်အသင်းမှ အိုဒီဂတ် အားခေါ်ယူရန် သဘောတူညီမှုရရှိ”

08 Jul

တူကီယဲထိပ်တန်း ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ဂါလာတာဆာရေးအသင်းက လက်ရှိကစားသမား အပြောင်းအရွှေ့ကာလတွင် အာဆင်နယ်အသင်းမှ ကွင်းလယ်ကစားသမား အိုဒီဂတ် အားခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရပါတယ်။ အိုဒီဂတ် ဟာ ၂၀၂၀ ပြည့်နှစ်က ရီးယဲလ်မက်ဒရစ်အသင်းမှ အာဆင်နယ်အသင်းသို့ တစ်ရာသီအငှား စာချုပ်ဖြင့် ပြောင်းရွှေ့ကစားပြီးနောက် အငှားစာချုပ်သက်တမ်းကုန်ဆုံးချိန်တွင် အပြီးသတ်စာချုပ်ဖြင့် ပြောင်းရွှေ့ ကစားခဲ့သူဖြစ်ပါတယ်။ အိုဒီဂတ် အနေနဲ့ အာဆင်နယ်အသင်းတွင် အစောပိုင်းနှစ်များက အရေးပါသည့်ကစားသမားအဖြစ် ပါဝင်ခဲ့ပြီး နောက်ပိုင်းနှစ်များတွင် အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခွင့်ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ နည်းပြ အာတီတာ က အိုဒီဂတ် အား ပွဲထွက်ကစားသမားစာရင်းမှ ချန်လှပ်ခဲ့ပြီးနောက် ဆက်ဆံရေးတင်းမာမှုများရှိလာခဲ့ပြီး အနာဂတ်မရေမရာဖြစ်လာခဲ့ပါတယ်။ အိုဒီဂတ် ဟာ လာမည့်ဘောလုံးရာသီတွင် နည်းပြ အာတီတာ လက်အောက်၌ ပွဲကစားခွင့်နည်းပါးနိုင်တဲ့ အခြေအနေကြောင့် လက်ရှိအပြောင်းအရွှေ့ကာလတွင် အသင်းမှထွက်ခွာရန် ဆုံးဖြတ်ခဲ့ပြီး ဂါလာတာဆာရေး အသင်းထံ ပြောင်းရွှေ့ရန်ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။(NVS 008)

08 Jul

ADVERTISE HERE .